Corelogic ရဲ့ အစီရင်ခံစာ အရ အိမ်ယာများ ၏ လေလံဈေးနှုန်းများဟာ ငှားရမ်းခများထက်ပိုမို လျှင်မြန်စွာ ဈေးတက်လာခြင်းကြောင့် မြေယာတွင်ရင်းနှီးမြုပ်နှံသူများရဲ့ အရင်းပြန်ရချက် နှုန်းများ(ROI- Return on investment) အလွန်ကျဆင်းနေကြောင်းသိရပါတယ်။
ခုအခြေအနေဟာ လွန်ခဲ့သောနှစ်တွေတုန်း ကနဲ့ဆို များစွာခြားနားသွားပါပြီ။ အရင်တုန်း ကတော့ ရင်းနှိး မြုပ်နှံသူများဟာ ကြွေးဆုံးအိမ်များ ( ဘဏ်ငွေချေးစဉ်က အပေါင် အဖြစ်ထားပြီး နောက်ကြွေးပြန်မဆပ်နိုင်သော အခါ ဘဏ်က သိမ်းယူထားကာ နောက် လေလံပြန်တင်သော အိမ်များ) ကို လေလံဆွဲကာဝယ်ယူပြီး ပြန်လည် ငှားရမ်းခြင်းဖြင့် အမြတ်အစွန်းများစွာရရှိခဲ့ကြပါတယ်။ ဒီလုပ်ငန်းဟာခုချိန်မှာ အမြတ်အစွန်းရတုန်းပဲလို့ဆိုပေမယ့် နေရာတော်တော်များများမှာ ကတော့ အရင်လို အမြတ်အစွန်းကြီးစွာ မရှာပေးနိုင်တော့ ပါ ဘူး။ Realty Trac က ပြောရေးဆိုခွင့်ရှိသူ Daren Blomquist ရဲ့ပြောစကားအရ ကြွေးဆုံးအိမ်ယာများ ရဲ့ ဈေးနှုန်းတွေ က အရမ်းအပြိုင်အဆိုင် များလာတယ် အရင်လိုမျိုးဈေးသက်သာမှု မျိုးကိုရဖို့မလွယ်တော့ ဘူးလို့သိရပါတယ်။နောက်သူက ဆက်ပြောတာက အပြင်လူတစ်ယောက်ဟာ လေလံပွဲတွေမှာဝင်ရောက်ပြီး လေလံဆွဲပြီး အဲကနေ အမြတ်ရအောင်လုပ်ဖို့ မလွယ်တော့ဘူးလို့ပြောပါတယ်။ Corel Logic ရဲ့အစီရင်ခံစာ အရ ဈေးကွက်မှာရှိတဲ့ ထိပ်တန်းမြို့၁၀မြို့ မှာ ၈ မြို့ဟာ ခုလိုစီးပွားရေးပုံစံ အတွက် အရင်းပြန်ရချက် နှုံးထားတွေ ဟာကျဆင်းနေတယ်လို့သိရပါတယ်။ ၂၀၁၂ ခုနှစ်ရဲ့ ထိပ်ဆုံးမြို့ဖြစ်တဲ့ Tempa မြို့ မှာတောင် ROI ဟာ ၂၀၁၃ မှာ၁၀.၅% ကနေ ၉.၇% ထိ ကျဆင်းသွားပါတယ်။
ဘာလို့လဲဆိုတော့ ရင်းနှိးမြုပ်နှံသူ အဖွဲ့အစည်းတွေများဝင်လာတဲ့အတွက် ဈေးကွက်ဝယ်လိုအားများလာတာကြောင့် ဈေးနှုန်းတွေတက်လာတာဖြစ်ပါ တယ်။Tempa မှာ အခြေစိုက်တဲ့ LM funding က Sean Galari ကတော့ဈေးတက်နေတဲ့ အချိန်မှာ အရင်းပြန်ရနှုန်းကို မြှင့်တင်ရတာခက်ခဲနေတယ်လို့ပြောပါတယ်။ပြန်ရချက်အချိုးဆိုတာ ပြန်ရတဲ့ငှားရမ်းခကိုတည်ပြီး ရင်းနှီးမြုပ်နှင်္မှုပမာဏ နဲ့စား လို့ရတဲ့အချိုးဖြစ်ပါတယ်။နောက် ရင်းနှီးမြုပ်နှံသူတွေကိုဆွဲဆောင်နိုင်တဲ့ ထိပ်တန်းမြို့တစ်ခုဖြစ်တဲ့ Chicago မြို့ရဲ့ အချိုးဟာလဲ ၂၀၁၂ မှာ ၁၀.၄%ရှိရာက နေ ၂၀၁၃ မှာ ၉.၉ ထိကျဆင်းသွားပါတယ်။နောက် Orlando နဲ့ Atlanta တို့ဟာလဲ ၁၀.၃% နဲ့၁၀.၂ %တွေကနေ ၉.၄%နဲ့ ၉.၃ %တွေဆီကိုအသီးသီး ကျဆင်းသွားပါတယ်။ အရင်နှစ် က ထိပ်တန်း၁၀မြို့ပါတဲ့ မြို့တွေထဲ က Huston နဲ့ Charlotte နှစ်မြို.သာ ROI အချိုးတွေတက်လာတာကိုတွေ့ရပါတယ်။တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အနေနဲ့ ကြွှေးဆုံးအိမ်လေလံရောင်းချမှုဟာ ပုံမှန်အနေအထားထက် ၄% ခန့်ကျဆင်းသွားကြောင်းသိရပါတယ်။၂၀၁၂ ထက်စာရင် ၁၆% ကျဆင်းသွားကြောင်းကိုသိရပါတယ်။ ဒီနှစ်ထဲမှာ အိမ်ဈေးတွေဟာလဲ တစ်နှစ်အတွင်းကို ၁၄%ထိတက်သွားတယ်လို့သိရပါတယ်။ ဒါပေမယ့် အိမ်ယာငှားရမ်းမှုမှာတော့ တိုးတက်မှုနှုန်းနှေးကွေးနေပြီး ၂၀၁၃ ရဲ့ ပထမ၉ လတာမှာ ၂၀၁၂ ရဲ့ပထမ၉လတာထက်စာရင် ၂.၂ %သာတိုးတက်ခဲ့တယ်လို့သိရပါတယ်။ ထို့ကြောင့်အမြတ်အစွန်းနည်းပါးလာတဲ့ အတွက် ရင်းနှီးမြုပ်နှံသူတွေဟာ သူတို့ရဲ့ဝယ်ယူမှုတွေကိုလျှော့ချတော့မှာဖြစ်ပါတယ်။ Las Vegas က အိမ်ခြံမြေရင်းနှီးမြုပ်နှင်္သူ Glenn Plantone ရဲ့ပြောကြားချက်အရ ပြီးခဲ့တဲ့ Octoberလ မှာ ကျင်းပခဲ့တဲ့လေလံပွဲမှာ အိမ်၂၀၈လုံးရောင်းထွက်ခဲ့ပြီး ငှားရမ်းမည့်လူမရှိဘူးလို့သိရပါတယ် အဲဒီ လေလံပွဲဟာ ၆နှစ် တာကာလအတွင်းမှာ အောက်တိုဘာလမှာရောင်းချတဲ့လေလံပွဲတွေအတွက် အိမ်အလုံး ၃၀၀ အောက် ရောင်းချခဲ့တဲ့ ပထမဆုံးလေလံပွဲဖြစ်ပါတယ်။