ဘဏ်​များနှင့်​ အခြား​ငွေ​ချေးလုပ်​ငန်းများ
အ​နေဖြင့်​ မိမိတို့​ငွေ​ချေး​ပေးမည့်​ ကုမ္ပဏီရဲ့ SWOT Analysis ကိုကြည့်​ပြီး​ကုမ္ပဏီအ​ခြေခိုင်​မာမှုရှိ၊ မရှိ၊ ​ငွေ​ချေးသင့်​ မ​ချေးသင့်​ ဆုံးဖြတ်​နိုင်​ပါတယ်​။

SWOT ဆိုတာက….
Strengths (အားသာချက်​)
Weaknesses (အားနည်းချက်​)
Opportunities (အခွင့်​အလမ်း)
Threats (အခက်​အခဲ)

Strength
ယ​နေ့လိုအပြိုင်​အဆိုင်​များတဲ့ စီးပွား​ရေး​လောကထဲမှာ လုပ်​ငန်းကို​ကောင်းမွန်​စွာလည်​ပတ်​ ရပ်​တည်​နိုင်​ခြင်းက ကုမ္ပဏီအတွင်းထဲမှာ လိုက်​နာကျင့်​သုံးတဲ့ အများနဲ့မတူတဲ့ နည်းစနစ်​​တွေ​ကြောင့်​ပဲဖြစ်​တယ်​။ ဥပမာအ​နေနဲ့ အားသာချက်​​တွေက…

-အင်​အား​ကောင်းတဲ့ ရင်းနှီးမြှုပ်​နှံသူ​တွေရဲ့ ​ငွေ​ကြေးထည့်​ဝင်ရင်းနှီးမှု
-ပြည်​တွင်းသာမက ပြည်​ပအထိ လုပ်​ငန်းချဲ့ ထွင်​ထားနိုင်​မှု
-အစိုးရအ​ထောက်​အပံ့​ကောင်းနဲ့ အခွန်​ဆိုင်​ရာအခွင့်​အ​ရေး​ပေးမှု
-​လုပ်​ငန်း​လေ့လာဆန်းစစ်​မှုအား​ကောင်းခြင်းနဲ့ စဉ်​ဆက်​မပြတ်​ ​လုပ်​ငန်းတိုးချဲ့ မှု
-resources ​အလုံအ​လောက်​ရရှိမှု စတဲ့အချက်​​တွေက ကုမ္ပဏီတိုးတက်​ဖို့အတွက်​ အများကြီးမူတည်​ပါတယ်​။

Weakness
ဘယ်​လုပ်​ငန်းမျိုးမဆို အားသာချက်​၊ အားနည်းချက်​ ဆိုတာရှိစမြဲပါ။ သို့​ပေမဲ့ တချို့အားနည်းချက်​​တွေက ​ဈေးကွက်​မှာ လုပ်​ငန်းအရှုံး​ပေါ်နိုင်​​တဲ့အထိ ဖြစ်​လာတတ်​ပါတယ်​။ အားနည်းချက်​အများစုက…
-လုပ်​ငန်းအတွက် အသုံးချရမဲ့ နည်းပညာနဲ့ လုပ်​ငန်းလိုအပ်​ချက်​​တွေကို တခြားလုပ်​ငန်းမှ မှီခို​နေရခြင်း

-လုပ်​ငန်းကို ဦး​ဆောင်​ရမည့်​သူက အ​တွေ့အကြုံနည်းပြီး အရည်​အချင်းမပြည့်​ဝခြင်း

-အ​တွေ့အကြုံရှိပြီးသားသူ​တွေနဲ့ သ​ဘောထားကွဲလွဲမှု (ဥပမာ-​ လုပ်​ငန်းခွင်​တစ်​ခုမှာ အသက်​အရွယ်​အားဖြင့်​​သော်​လည်း​ကောင်း အ​တွေ့အကြုံ ရှိပြီးသားသူ​တွေက ​အောက်​​ခြေ level မှာ​ရောက်​​နေပြီး တခြားတစ်​ဖက်​မှာ အသက်​ငယ်​ပြီး အ​တွေ့အကြုံနည်းတဲ့သူက ကိုယ့်​အထက်​လူကြီး ဖြစ်​​နေပြီး လုပ်​ငန်းနဲ့ပက်​သက်​တဲ့ ဆုံးဖြတ်​ချက်​​တွေချရတဲ့အခါ သ​ဘောထားကွဲလွဲမှု​တွေဖြစ်​​လေ့ရှိကြပါတယ်​)
-​ဈေးကွက်​ရှယ်​ယာနည်းတဲ့ ထုတ်​ကုန်​​တွေထုတ်​လုပ်​မှု
-​ငွေ​ကြေးအရင်းအနှီး မလုံ​လောက်​မှုနှင့်​ အရင်းအနှီးကို ပြင်​ပမှ မှီခို​နေရခြင်း
-ကုန်​ကြမ်းပစ္စည်း​ ​ထောက်​ပံ့မှုအပိုင်းတွင်
စီမံခန့်ခွဲမှု အားနည်းခြင်း
-ကုမ္ပဏီအတွင်း ​ငွေ​ကြေးစီမံခန့်​ခွဲမှု အားနည်းခြင်း စတဲ့အချက်​​တွေကို ကုမ္ပဏီက ဘယ်​​လောက်​ထိ ထိန်းသိမ်းထားနိုင်​လဲဆိုတာကြည့်ရပါတယ်​။

Opportunities
Opportunities ဆိုတာက လုပ်​ငန်းတိုးတက်ဖို့အတွက်​ ​ကောင်းမွန်​တဲ့အလားအလာ​တွေဖန်​တီး​ပေးနိုင်​ခြင်းဖြစ်​တယ်​။ လုပ်​ငန်းတစ်​ခုနဲ့တစ်​ခု opportunities ​တွေကမတူညီကြပါဘူး။
-​လုပ်​ငန်းတူပြိုင်​ဖက်​က ​ဈေးကွက်​မှနှုတ်​ထွက်​သွားတဲ့အခါ ကိုယ့်​လုပ်​ငန်းအတွက်​ ​ဈေးကွက်​ရှယ်​ယာ ပိုမိုရရှိလာခြင်း
-လုပ်​ငန်းက အစိုးရရဲ့အား​ပေး​ထောက်​ခံမှုရရှိပြီး အခွန်​ကင်းလွတ်​ခွင့်​ရခြင်း
-​​ဈေးကွက်​အသစ်​ချဲ့ ထွင်​ခြင်း
-လုပ်​ငန်းအတွင်း ပိုမို​ကောင်းမွန်​​သော စည်းမျဉ်းများ​ပြောင်းလဲခြင်း စတဲ့အချက်​​တွေက​နေ လုပ်​ငန်းရဲ့ အခွင့်​အလမ်း​တွေရရှိနိုင်​ပါတယ်​။

Threat
Threat ဆိုတာက ပြင်​ပက​နေ ကိုယ့်​လုပ်​ငန်းအ​ပေါ် သက်​​ရောက်​လာနိုင်​တဲ့ အခက်​အခဲပြဿ နာ​တွေဖြစ်​ပါတယ်​။ တချို့ Threat ​တွေက အချိန်​တိုအတွင်းမှာပဲ ကုမ္ပဏီကိုကြီးကြီးမားမားရိုက်​ခတ်​နိုင်​ပါတယ်​။ အထူးသဖြင့်​ စီးပွား​ရေးနဲ့ နိုင်​ငံ​ရေးအ​ခြေအ​နေ​တွေကို အမြဲလိုလို ဂရုတစိုက်​ ​စောင့်​ကြည့်​ရမှာဖြစ်​ပါပြီး risk ​တွေမဖြစ်​လာခင်​ကြိုတင်​ပြင်​ဆင်​ရမှာဖြစ်​ပါတယ်​။ အများဆုံး​တွေ့ရတဲ့ Threat ​တွေအ​နေနဲ့…
-​နိုင်​ငံတကာ​ငွေ​ကြေးလဲလှယ်​မှုနှုန်းနှင့်
ငွေ​ကြေး​ဈေးကွက်​မတည်​ငြိမ်​မှု
-သဘာဝ​ဘေးအန္တရာယ်​​ကြောင့်​​ဖြစ်​​စေ၊ စစ်​ပွဲ​တွေ​ကြောင့်​ဖြစ်​​စေ စီးပွား​ရေး မငြိမ်​သက်​မှု
-အစိုးရအသစ်​​ပြောင်းလာပြီး မူဝါဒအသစ်​​တွေနဲ့ အသားမကျ​ခြင်း ​တွေက လုပ်​ငန်းကိုအနည်းနဲ့အများ သကိ​ရောက်​နိုင်​ပါတယ်​။

ချေး​ငွေ​ပေးမဲ့ ဘဏ်များအ​နေဖြင့်​ မိမိတို့​ချေး​ပေးမဲ့ ကုမ္ပဏီရဲ့ SWOT Analysis ကိုကြည့်​ပြီး
ဘယ်​​လောက်​ထိ​ကောင်းမွန်​​အောင်​ စီမံခန့်ခွဲထားနိုင်​မှုက​နေ ​ငွေ​ကြေးအ​ထောက်​အပံ့​ပေးခြင်းကို အဆုံးအဖြတ်​​ပေးနိုင်​ပါလိမ့်မယ်​။ #ZTK

Leave a Reply

Your email address will not be published. Required fields are marked *