
ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟု ဆိုသော်လည်း လူရယ်လို့ဖြစ်လာပါက မွေးကတည်းက မသေခင်အထိ အိုခြင်း၊ နာခြင်း များပေါများလှပေသည်ကို လူတိုင်းလက်ခံကြပါသည်။ လူရယ်လို့ဖြစ်လာပါက မနာမကျန်း မဖြစ်၍မရပါ။ ရောဂါဝေဒနာဟု ဆိုရာတွင် သဘာဝပတ်ဝန်းကျင် ရာသီဥတု ပယောပကြောင့်ဖြစ်သော ရောဂါမျိးစုံနှင့် ပြင်ပ ပယောဂတစ်ခုခုကြောင့် ခံစားရသော မတော်တဆ ထိခိုက်ဒဏ်ရရှိမှုဟူ၍ နှစ်မျိုးခွဲခြားနိုင်မည်။ ထိုအရာတွေကို ကြိုတင်ကာကွယ်ခြင်းဆိုသော Precaution လုပ်ငန်းကသာ သက်သာရာရနိုင်မည့် နည်းလမ်းဖြစ်သည်။ စာရေးသူ၏ အာမခံလုပ်ငန်းအတွေ့အကြုံအရ အာမခံဟူသည် မလုပ်မနေရ ပြဌာန်းချက်ရှိသော ဥပဒေနှင့်လုပ်ကိုင်ရခြင်းမဟုတ်၊ မိမိကိုယ်တိုင် အသိဖြင့်လုပ်ရသော လုပ်ငန်းဖြစ်သဖြင့် ပြောရ၊ ဟောရမောလှပါသည်။ နိုင်ငံခြားအာမခံကုမ္ပဏီများ နှင့်တွေ့၍ ၄င်းတို့ကမေးလျှင် ကိုယ့်ပြည်သူများ Insurance awareness နည်းသေးကြောင်းသည် အာမခံစီးပွားရေး မဖွံ့ဖြိုးရသည့် အဓိကအကြောင်းဟု ဖြေဖြစ်ခဲ့သည်။ အာမခံဗဟုသုတ နည်းတဲ့လူတစ်ချို့က […]