
ငွေရေးကြေးရေး ဈေးကွက်များ (Financial Market) ကို ယေဘုယျအားဖြင့် ၄မျိုး ခွဲခြားကြည့်နိုင်သည်။ ယင်းတို့မှာ – ကာလတိုငွေရေးကြေးရေးဈေးကွက် သို့မဟုတ် ငွေကြေးဈေးကွက် (Short-term Financial Market or Money Market) – ကာလရှည်ငွေရေးကြေးရေးဈေးကွက် သို့မဟုတ် အရင်းအနှီးဈေးကွက် (Long-term Financial Market or Capital Market) – နိုင်ငံခြားဈေးကွက် (Foreign Exchange Market) – ဘဏ္ဍာရေး ရပိုင်ခွင့်များ (Financial Assets) အပေါ် အခြေပြု၍ အနာဂတ် ကာလအတွက် သဘောတူစာချုပ်များ ချုပ်ဆိုရောင်းဝယ်သည့် ဈေးကွက် (Derivatives Market) တို့ဖြစ်ပါသည်။ ကာလတို ငွေရေးကြေးရေးဈေးကွက် များတွင် သက်တမ်းတစ်နှစ်အောက်ရှိသော ငွေချေးသက်သေခံလက်မှတ်များ […]