သိပ်မကြာသေးမီကပဲ Renaud Laplanche ရဲ့ San Francisco မြို့ထဲရုံးခန်းမှာ သူ့ရုံးခန်းကနေ အောက်ထပ်က နေရာလွတ်ကိုသယ်ဖို့ လှေကားထိုးနေတဲ့ အလုပ်သမားတွေနဲ့ရှုပ်ယှက်ခတ်နေခဲ့ပါတယ်။ကျွန်တော့်ရုံးကို လေ့လာဖို့ သွားတော့ အဲဒီပြင်သစ်နွယ်ဖွား Lending Club ရဲ့ CEO လည်းဖြစ်၊ Co- Founder လည်းဖြစ်တဲ့ Laplanche ကလှေကားထစ်တွေအတိုင်း ခေါ်သွားပြီး ရုံးခန်းမှာရှိတဲ့ ထိုင်ခုံတန်း တွေဆီညွှန်ပြရင်း ကျွန်တော်တို့ တော်တော်လေး အင်အားကြီးမားလာနေပြီ လို့ သူ့ကုမဏီရဲ့ကြီးထွားနှုန်း ကို ဂုဏ်ယူပြီး ပြောပြနေပါတယ်။ ကိန်းဂဏန်းတွေအရဆိုရင် Lending Club ဟာ July မှာ Consumers Loane အတွက် $173.4 သန်းငွေထုတ် ပေးနိုင်ခဲ့ပါတယ် ဒါဟာ မနှစ်ကထက် (၂၈၈%)တိုးတက်လာတာပါ။ ဒါတောင် လူအများသုံးသပ်ထင်မြင်နေတဲ့ ဂဏန်းဟာ ဒီထက်တောင် များနိုင်ပါသေးတယ်။ Lending Clup ကိုစခဲ့ချိန် (၂၀၀၇) ခုနှစ်က Facebook ရဲ့ Application လေးတစ်ခုအဖြစ်သာ စခဲ့တာကနေ (၂၀၀၇) ကဘဏ် တွေရဲ့ ကြားခံနေမှုကိုလျှော့ချပြီး ချေးငှားသူနဲ့ ချေးယူသူတွေကို တိုက်ရိုက်ဆက်သွယ် ပေးမှုတွေ ပြုလုပ်ရင်း…..အခုတော့အအောင်မြင်ဆုံး တာထွက်သူ တစ်ဦးအဖြစ် ရပ်တည်နေပါပြီ။ ဒီဆန်းသစ်တဲ့ စီးပွားရေးပုံစံဟာဆိုရင် ကြီးမားတဲ့ မီဒီယာလုပ်ငန်းတွေရော ၊နာမည်ကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါ Lending Club ကိုပိုမိုသိရှိလာစေပါတယ်။ ဥပမာအားဖြင့် ကုမဏီဘုတ်အဖွဲ့မှာဆိုရင် လူသိများတဲ့ Morgan Stanley ရဲ့ CEO ဟောင်း John Mack တို့၊ Kleiner Pertions ရဲ့စီးပွားဖက် Mary Meeker တို့နဲ့ Treasury Secretary Lawrence Summers တို့ပါဝင်နေပါတယ်။ Google ရဲ့လက်တလောရင်းနှီးမြှုပ်နှံမှုဟာဆိုရင် Companyကို $ 1.55 Billion တန်ကြေး ရှိသွားစေပါတယ်။တစ်ဖက်မှာလည်း လုပ်ငန်းဟာဆိုရင် ကြီးထွားမှု အဆင့် အသစ်တွေ ရောက်အောင်ကြိုးစားနေပါတယ်။ ၂၀၁၃ အကုန်ပိုင်းလောက်မှာ ကျွန်တော် တို့ လုပ်ငန်း သေးသေးလေးတွေကို ချေးငွေ(Loan) ထုတ်ပေးနိုင်အောင် စီစဉ်နေ ပါတယ် လို့(၄၃)နှစ်အရွယ်ရှိသော CEO ကပြောပါတယ်။
Lending Ciub မှာငွေရင်းနှီး မြှုပ်နှံခြင်းဟာသင့်အတွက်အကျိုးဖြစ်ထွန်းစေမည်လား?
…………………….
(ကျန်နေတဲ့အပိုင်းကို Myanmar Banking and Finance Magazine 1st Issue ကို pdf file ရယူပြီး ဆက်လက်ဖက်ရှုနိုင်ပါသည်။)