ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟု ဆိုသော်လည်း လူရယ်လို့ဖြစ်လာပါက မွေးကတည်းက မသေခင်အထိ အိုခြင်း၊ နာခြင်း များပေါများလှပေသည်ကို လူတိုင်းလက်ခံကြပါသည်။ လူရယ်လို့ဖြစ်လာပါက မနာမကျန်း မဖြစ်၍မရပါ။ ရောဂါဝေဒနာဟု ဆိုရာတွင် သဘာဝပတ်ဝန်းကျင် ရာသီဥတု ပယောပကြောင့်ဖြစ်သော ရောဂါမျိးစုံနှင့် ပြင်ပ ပယောဂတစ်ခုခုကြောင့် ခံစားရသော မတော်တဆ ထိခိုက်ဒဏ်ရရှိမှုဟူ၍ နှစ်မျိုးခွဲခြားနိုင်မည်။ ထိုအရာတွေကို ကြိုတင်ကာကွယ်ခြင်းဆိုသော Precaution လုပ်ငန်းကသာ သက်သာရာရနိုင်မည့် နည်းလမ်းဖြစ်သည်။ စာရေးသူ၏ အာမခံလုပ်ငန်းအတွေ့အကြုံအရ အာမခံဟူသည် မလုပ်မနေရ ပြဌာန်းချက်ရှိသော ဥပဒေနှင့်လုပ်ကိုင်ရခြင်းမဟုတ်၊ မိမိကိုယ်တိုင် အသိဖြင့်လုပ်ရသော လုပ်ငန်းဖြစ်သဖြင့် ပြောရ၊ ဟောရမောလှပါသည်။ နိုင်ငံခြားအာမခံကုမ္ပဏီများ နှင့်တွေ့၍ ၄င်းတို့ကမေးလျှင် ကိုယ့်ပြည်သူများ Insurance awareness နည်းသေးကြောင်းသည် အာမခံစီးပွားရေး မဖွံ့ဖြိုးရသည့် အဓိကအကြောင်းဟု ဖြေဖြစ်ခဲ့သည်။ အာမခံဗဟုသုတ နည်းတဲ့လူတစ်ချို့က […]
မျက်ကန်းရင်းနှီးမြှုပ်နှံမှုတွေ ရှောင်ရှားနိုင်ကြစေဖို့…..
ဒီကနေ့ ကမ္ဘာကြီးက လုံးရာကနေ ပြားလာနေတယ်။ ၂၀ရာစု အကုန် ၂၁ရာစုမှာ ကမ္ဘာကြီးကို ရုတ်တရက် ချက်ချင်းဆိုသလို သိသာတဲ့ပြောင်းလဲမှု ဖြစ်လာစေတဲ့ အားသုံးခုပေါ်ပေါက်လာစေတယ်။ အဲဒီအား (၃) ခုက ၁။ လူဦးရေ ဖောင်းပွလာမှု ၂။ နည်းပညာ တိုးတက်လာမှု ၃။ အလွယ်တကူ ဆက်သွယ်ချဉ်းကပ်နိုင်စေမှု ဖြစ်ပါတယ်။ တစ်ဖက်မှာ လူဦးရေ ပေါက်ကွဲဖောင်းပွလာသလို အခြားတစ်ဖက်မှာ လူသားအချင်းချင်း မေတ္တာစိတ်တွေပျောက်ပြီး နိုင်ငံသားအချင်းချင်းနဲ့ နိုင်ငံတွေကို ကျူးကျော်တိုက်ခိုက် သတ်ဖြတ်မှုတွေလည်း များလာနေတယ်။ တစ်ခါလူသားအချင်းချင်း နည်းလမ်းပေါင်းစုံနဲ့ လိမ်လည်လှည့်ပတ်မှုတွေလည်း ပေါ်ပေါက်လာနေတယ်။ အဓိက ကတော့ လူတွေမှာ စိတ်ဓာတ်တွေ ယိုယွင်းပျက်ပြားလာကြလို့ဖြစ်တယ်။ ငါသာလျှင် အရာရာကို ပိုင်စိုးနိုင်ရမယ်ဆိုတဲ့ အတ္တစိတ် လွှမ်းမိုးမှုတွေ လွန်ကဲလာလို့ ဖြစ်တယ်။ နိုင်ငံတကာမှာ Fraud […]
စွန့်ဦးတီထွင်လုပ်ငန်းရှင်များ မိမိတို့၏ကုမ္ပဏီကို လေ့လာသုံးသပ်ရာတွင်အရေးကြီးသည့် သော့ချက်များ…(ဒုတိယပိုင်း)
စွန့်ဦးတီထွင်လုပ်ငန်းရှင်သည် မိမိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းအား စဉ်ဆက်မပြတ် သုံးသတ်အကဲဖြတ်ရာတွင် ပို၍အရေးကြီးသည်မှာ အကဲဖြတ်မှုထက်၊ အကဲဖြတ်မှုရလာဒ်အပေါ်တွင် မည်သို့ဆက်လက်ဆောင်ရွက်မည် ဆိုသည့်အချက်က ပိုမိုအရေးကြီးပေသည်။ ၆။ ဘဏ္ဍာရေးဆိုင်ရာ ထိန်းသိမ်းမှု လျော့နည်းနေခြင်း ရှိ၊မရှိလေ့လာသုံးသပ်ခြင်း။ မည်သည့်စီးပွားရေးလုပ်ငန်းတွင်မဆို “အောင်မြင်မှုညွှန်ပြကိန်း” (Success Indicator) မှာ အဓိကအားဖြင့် “အသားတင်အမြတ်” (Net Profit) ပင်ဖြစ်ကြောင်း မည်သည့်စီပွားရေးလုပ်ငန်းရှင်မှ ငြင်းနိုင်မည်မဟုတ်ပေ။ တစ်နည်းအားဖြင့် အသားတင်အမြတ်သည် မိမိ၏ စီးပွားရေးလုပ်ငန်း၏ ပထမဦးစားပေး ရည်မှန်းချက်ပင်ဖြစ်သည်။ အခြားရည်မှန်းချက်များမှာ ဒုတိယဦးစားပေးအဆင့်တွင်ပင် ရှိနေပေမည်။ မိမိလုပ်ကိုင်သော စီးပွားရေးလုပ်ငန်း၏ အောင်မြင်မှု (သို့မဟုတ်) ရှုံးနိမ့်မှုကို တိုင်းတာသောပေတံသည် ငွေကြေးပင်ဖြစ်သဖြင့် “ငွေကြေးယိုဖိတ်မှု” (သို့မဟုတ်) ဘဏ္ဍာရေးယိုဖိတ်မှု (Financial Leakage) မရှိရန်ဆောင်ရွက်တတ်ကြရမည်။ စွန့်ဦတီထွင်လုပ်ငန်းရှင်အနေဖြင့် လစဉ်လတိုင်း အနည်းဆုံး ရက်သတ္တပတ် တစ်ပတ်အတွင်း […]
ကိုယ်က ငွေနောက်ကိုလိုက်မလား? ငွေကို ကိုယ့်နောက်လိုက်အောင်လုပ်မလား?
“လူမှာခြေထောက် နှစ်ချောင်းရှိပြီး ငွေမှာတော့ခြေထောက်လေးချောင်း ရှိတယ်” လို့ အဆိုရှိပါတယ်။ အဓိပ္ပါယ်ကတော့ “ငွေဟာခြေထောက် လေးချောင်းရှိတဲ့အတွက် ခြေထောက်နှစ်ချောင်းသာရှိတဲ့ လူကလိုက်ရင် ဘယ်တော့မှ လိုက်မမီဘူး မောရုံသာရှိမယ်။ ဒါပေမဲ့ ငွေကလူနောက်ကို လိုက်ပြီဆိုရင်လည်း အဲ့ဒီလူဟာ ပြေးလို့လွတ်မှာမဟုတ်ဘူး” လို့ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီအချက်ကိုမသိတဲ့သူတွေဟာ ငွေနောက်ကိုလိုက်ရင်း တစ်သက်လုံးမောပန်းနေရပါတယ်။ ငွေနောက်ကိုလိုက်မဲ့အစား ငွေတွေကကိုယ့်နောက်ကိုလိုက်လာအောင် လုပ်တဲ့ပညာကိုသာ သိထားမယ်ဆိုလို့ရှိရင် ငွေကြေးအောင်မြင်မှုတွေ ရရှိလာမှာ မလွဲမသွေပါဘဲ။ ငွေနောက်တကောက်ကောက် လိုက်နေရတဲ့ဘဝက လွတ်မြောက်ချင်ရင်တော့ ငွေနောက်လိုက်တာကို ခဏလေးရပ်ပြီး ငွေတေကိုယ့်နောက် လိုက်လာအောင် ဘယ်လိုလုပ်မလဲ၊ ငွေကို ဘယ်လိုဘယ်ပုံနည်းနဲ့ တိုးပွားလားအောင် စေခိုင်းမလဲဆိုတာ လေ့လာဖို့လိုပါတယ်။ ငွေတွေကိုယ့်နောက်လိုက်လာဖို့ဆိုရင် ငွေတွေရှိတဲ့နေရာက ငွေတွေကိုပိုက်သွယ်ပြီး ငွေဘုံဘိုင်အဖြစ် ကိုယ့်ဆီစီးဝင်လာအောင် ငွေဝင်လမ်းကြောင်းတွေကို ဖန်တီးထားဖို့ လိုအပ်ပါတယ်။ ငွေဘုံဘိုင်အဖြစ် ဖန်တီးတည်ဆောက်ပြီး ငွေတွေစီးဝင်လာအောင် လုပ်တယ်ဆိုတာက […]
စွန့်ဦးတီထွင်လုပ်ငန်းရှင်များ မိမိတို့၏ကုမ္ပဏီကို လေ့လာသုံးသပ်ရာတွင် အရေးကြီးသည့်သော့ချက်များ
စွန့်ဦးတီထွင်လုပ်ငန်းရှင်သည် မိမိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းအား စဉ်ဆက်မပြတ် သုံးသတ်အကဲဖြတ်ရာတွင် ပို၍အရေးကြီးသည်မှာ အကဲဖြတ်မှုထက်၊ အကဲဖြတ်မှုရလာဒ်အပေါ်တွင် မည်သို့ဆက်လက်ဆောင်ရွက်မည် ဆိုသည့်အချက်က ပိုမိုအရေးကြီးပေသည်။ ၁။ ပိုမိုရင်းနှီးမြှုပ်နှံခြင်းထက် စွမ်းအားမြှင့်တင်မှု ရှိ၊မရှိ သုံးသပ်ခြင်း။ လှေမျှောလျှင်လှေနဲ့လိုက်၊ ငွေမျှောလျှင် င်ေနဲ့လိုက်ဆိုသည့် မြန်မာစကားပုံအတိုင်း အချို့မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များသည် စီးပွားရေးလုပ်ငန်း ကျဆင်းလာလျှင် ရင်းနှီးငွေများ ထပ်မံရှာဖွေစုဆောင်း ထည့်ဝင်ပြီး ငွေကိုပုံအော၍ ဆောင်ရွက်လေ့ရှိတတ်ကြသည်။ အချို့သောစီးပွားရေးလုပ်ငန်းရှင်များတွင် ဆုံးရှုံးမှုမှာ ရင်းနှီးငွေနည်းပါးမှုကြောင့် မဟုတ်ဘဲ လုပ်ကိုင်သူများ၏ စွမ်းရည်မပြည့်ဝမှုကြောင့် ဖြစ်တတ်သည်ကို သတိပြုရပေမည်။ ယနေ့နိုင်ငံတကာ စီးပွားရေးလောကတွင် နာမည်ကြီးနေသော “IBM” ((International Business Machine Company) နှင့် “GMC” (General Motor Corporation) တို့တွင် ဝန်ထမ်းများ “ဖြုတ်ပစ်” (Lay-Off) နေခြင်းမှာ မိမိ၏ […]
ငွေကြေးခဝါချခြင်း (Money Laundering)
ငွေကြေးခဝါချခြင်းဆိုတာကတော့ တရားဥပဒေနဲ့မညီတဲ့ နည်းလမ်းမျိုးစုံနဲ့ရရှိထားသော ငွေကြေးဇစ်မြစ်အမှန်ကို ဖုံးကွယ်ပြီး တရားဝင်ဖြစ်အောင် ငွေကြေး(သို့မဟုတ်) ပစ္စည်းတွေကို အသွင်ပြောင်းလဲထားတဲ့ အခြေအနေအားလုံးကို ငွေကြေးခဝါချခြင်းလို့ သတ်မှတ်ပါတယ်။ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးကို နိုင်ငံတကာမှာလဲ အဓိကထား လုပ်ဆောင်နေကြပါတယ်။ ငွေကြေးခဝါချခြင်းဆိုတဲ့ အဓိပ္ပါယ်က အရမ်းကိုလေးနက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ငွေမည်းကိုငွေဖြူ အဖြစ် အသွင်ပြောင်းလိုက်တဲ့အခါမှာ နိုင်ငံတစ်ခုရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍတွေ အကုန်လုံးမှာ ကမောက်ကမတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ငွေကြေးခဝါချခြင်းကို နိုင်ကံတကာက လက်မခံနိုင်ဘဲ တိုက်ဖျက်သင့်တဲ့အရာလို့ မြင်ပါတယ်။ ငွေကြေးခဝါချမှုတိုက်ဖျက်ခြင်းနဲ့ မြန်မာနိုင်ငံ မြန်မာနိုင်ငံမှာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအတွက် ၂၀၀၂ခုနှစ်မှာ ဥပဒေထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို ဥပဒေထုတ်ပြန်ခဲ့တဲ့ အချိန်ကတည်းက စတင်လုပ်ဆောင်ခဲ့ပါတယ်။ [Financial Action Task Force (FATF) […]