စွန့်ဦးတီထွင်လုပ်ငန်းရှင် (Entrepreneur) တိုင်းသည် စီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြသော်လည်း စီးပွားရေးလုပ်ငန်းရှင်တိုင်းတော့ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ မဟုတ်ကြပါဘူး။ ကမ္ဘာပေါ်ရှိသန်းပေါင်းများစွာသော စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ သမိုင်းကြောင်းနှင့် ကိုယ်ရေးရာဇဝင်များ လုပ်ဆောင်ချက်များကို ပြန်လည်လေ့လာဆန်းစစ်ကြည့်ပြီး စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ထူထောင်နိုင်မည်ဖြစ်သော အတွေးအခေါ်၊အကြံအစည်များစွာထဲမှ ပိုမိုကောင်းမွန်သော နည်းလမ်းများကို တင်ပြပေးပါမည်။ ” ပထမနည်းလမ်းမှာ လက်ရှိစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသော ကုမ္ပဏီများကိုလေ့လာခြင်း”ပင်ဖြစ်သည်။ မြန်မာ့စကားပုံတစ်ခုဖြစ်သည့် “အကြံတူ၊ နောက်လူသာစမြဲ” ဆိုသည့်အတိုင်း၊ လက်ရှိဈေးကွက်တွင် ကုန်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချ နေသော ကုမ္ပဏီများကို ကိုယ်တိုင်ကိုကျ ကွင်းဆင်းလေ့လာသုံးသပ်ပြီးမှ မိမိက လုပ်ငန်းစတင်ခြင်းဖြစ်တဲ့အတွက် မူရင်းလုပ်ကိုင်သူများ၏ အားသာချက်၊ အားနည်းချက် များကိုသိရှိပြီး ပြုပြင်ဆောင်ရွတ်ပြင်ဆင်ကာ ၎င်းတို့ထက် သာလွန်အောင် ပြိုင်ဆိုင်မှုအပြည့်ရှိသော ဈေးကွက် (Perfect Competition Market) သို့ ဝင်ရောက်ခြင်းမျိုးပင်ဖြစ်သည်။ ဒုတိယနည်းလမ်းမှာ “စားသုံးသူ(Consumer) များနှင့်တွေ့ဆုံလေ့လာခြင်း” ပင်ဖြစ်သည်။ […]
လုပ်ငန်းရှင်များအတွက် ကြော်ငြာစရိတ် သက်သာမည့်နည်းလမ်း
ပြည်သူများအနေဖြင့် အာမခံဆိုင်ရာအသိ (Insurance Awareness) နည်းသေးသည်ဟုဆိုသော်လည်း “ခလုတ်ထိမ အမိတ”ဒါမှမဟုတ် “ပြောမှသိ၊ ထိမှနာ” ဆိုသော စကားများအတိုင်း အခုတော့ဖြင့် အာမခံထားရမှန်း နည်းနည်းပါးပါး သိလာကြချိန် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အခုတလော ကားတွေက လမ်းပေါ်မှာ တအားများ၊ ယာဉ်ကြောကလည်း ပိတ်လိုက်တာမှ မြို့ထဲကရုံးကို ရုံးချိန်မီချင်ရင် မနက် ၆နာရီ ၇နာရီ အိမ်ကထွက်ရတဲ့ဘဝ၊ ကားတွေများတာနဲ့အမျှ လိုင်စင်မရှိတဲ့သူ၊ လိုင်စင်မမှန်တဲ့ သူတွေကလည်းအများကြီး အဲ့ဒီလိုလူတွေမောင်းပြီး ယာဉ်ကြောကြပ်လွန်းတော့ အနည်းနဲ့အများ တိုက်လိုက်ကြတဲ့ကားတွေ၊ တစ်နေ့တစ်နေ့ ပျှမ်းမျှအမှု (၁၀) မှုအထက် ရှိတယ်လို့ဆိုပါတယ်။ အဲ့ဒီပျှမ်းမျှ (၁၀)မှုထဲက ကားအာမခံထားသူပါလျှင်လည်း “ဟင်း…တော်သေး ငါ့ကားအာမခံထားမိပေလို့ပေါ့” လို့အတွေး၊ မထေားမိသေးတဲ့ သူတွေကလည်း “ဩော် ငါ့ကားဝယ်ကတည်းက အာမခံထားမိရင်ကောင်းသား” လို့တွေးတွေ ကိုယ်စီဖြစ်ကြသတဲ့။ […]
နှစ်လခွဲအတွင်းအရောင်းအဝယ် အများဆုံးဖြစ်ခဲ့သည့် ရန်ကုန်စတော့ဈေးကွက်
စတော့အညွှန်း ကိန်းကျဆင်းမှုသည် ၃ပါတ်ဆက်တိုက်ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် ရပ်တန့်ခဲ့ကာ တစ်နှစ်အတွင်း အရောင်းအဝယ် အများဆုံးဖြစ်ခဲ့သည်။ ယခင်သီတင်းပတ် အရောင်းအဝယ်ထက် ၆၅ ရာခိုင်နှုန်းကျော် ပိုများခဲ့ပြီး ယခုသီတင်းပတ်တွင် ရှယ်ယာအစု ၇၈,၀၀၀ ကျော်၊ တန်ဖိုးကျပ်သန်း ၃၆၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး စတော့အညွှန်းကိန်း အမြင့်ဆုံး ၄၆၆ ဒသမ၂၅ ရှိခဲ့သော်လည်း သောကြာနေ့တွင် ၄၅၂ ဒသမ ၈ ဖြင့် ဈေးပိတ်ခဲ့သည်။ စတော့အညွှန်းကိန်းမှာ ၂၀၁၈ ခုနှစ် ဈေးကွက်အဖွင့်တွင် ၄၆၃ ဒသမ ၈၁၊ အမြင့်ဆုံး ၄၇၃ ဒသမ ၅၈ နှင့် ယခုသီတင်းပတ်တွင် ၄၄၇ ဒသမ ၅၉ ဖြင့် အနိမ့်ဆုံး ရောက်ခဲ့သည်။ FMI ရှယ်ယာ အရောင်းအဝယ် […]
လူငယ်စွန့်ဦးတီထွင်သူများအတွက် စိတ်ကူးကောင်းကလေးများ
လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးတွက်ချေကိုက်စေရန်နှင့် အကျိုးအမြတ်ရနိုင်ရန် မည်သည့်ပစ္စည်းကိုထုတ်မည် (သို့မဟုတ်) မည်သည့်ဆောင်ရွတ်မှုလုပ်ငန်းကို မည်သို့လုပ်ဆောင်မည် စသည့် စိတ်ကူးစိတ်သန်းများကို ပိုမိုတွန်းအားပေးသည့် နည်းလမ်းလုပ်ငန်းစုံကို ဝေမျှလိုက်ပါတယ်။ ပထမနည်းလမ်းမှာ “Problem Inventory Analysis” ဟုခေါ်သော ပြဿ နာကို သရုပ်ခွဲစီစစ်ခြင်း နည်းလမ်းဖြစ်သည်။ ယင်းနည်းလမ်းမှာ စားသုံးနေကြသည့် ကုန်ပစ္စည်းများကို ယေဘုယျကုန်ကြသည့် ကုန်ပစ္စည်းအမျိုးအစား အုပ်စုလိုက်ခွဲကြကာ ကုန်ပစ္စည်းတစ်ခုခြင်းအလိုက် အရည်အသွေး၊ ကြိုက်နှစ်သက်မှု၊ ဈေးနှုန်း စသည်ဖြင့် ကုန်ပစ္စည်းနှင့်ပက်သက်သည့် အကြောင်းအရာများ ယင်းကုန်ပစ္စည်းနှင့် စပ်လျဉ်းသည့် ပြဿ နာများကို ဖော်ပြရေးသားလျက် စားသုံးသူများအား အဖြေရှာ သရုပ်ခွဲ Analysis စေခြင်းပင်ဖြစ်သည်။ ကုန်ပစ္စည်းအုပ်စုအလိုက် အုပ်စုအတွင်း ကုန်ပစ္စည်း တစ်မျိုးစီအပေါ် ထင်မြင်ယူဆချက်နှင့် အကြံပြုချက်များကို စုစည်းစေပြီးမှ စွန့်ဦးတီထွင်လုပ်ငန်းရှင်သည် ယင်းအကြံပြုချက်နှင့် သရုပ်ခွဲရလာဒ်များအပေါ် မူတည်၍ […]
SWOT Analysis ဆိုတာဘာလဲ ???
ဘဏ်များနှင့် အခြားငွေချေးလုပ်ငန်းများ အနေဖြင့် မိမိတို့ငွေချေးပေးမည့် ကုမ္ပဏီရဲ့ SWOT Analysis ကိုကြည့်ပြီးကုမ္ပဏီအခြေခိုင်မာမှုရှိ၊ မရှိ၊ ငွေချေးသင့် မချေးသင့် ဆုံးဖြတ်နိုင်ပါတယ်။ SWOT ဆိုတာက…. Strengths (အားသာချက်) Weaknesses (အားနည်းချက်) Opportunities (အခွင့်အလမ်း) Threats (အခက်အခဲ) Strength ယနေ့လိုအပြိုင်အဆိုင်များတဲ့ စီးပွားရေးလောကထဲမှာ လုပ်ငန်းကိုကောင်းမွန်စွာလည်ပတ် ရပ်တည်နိုင်ခြင်းက ကုမ္ပဏီအတွင်းထဲမှာ လိုက်နာကျင့်သုံးတဲ့ အများနဲ့မတူတဲ့ နည်းစနစ်တွေကြောင့်ပဲဖြစ်တယ်။ ဥပမာအနေနဲ့ အားသာချက်တွေက… -အင်အားကောင်းတဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ငွေကြေးထည့်ဝင်ရင်းနှီးမှု -ပြည်တွင်းသာမက ပြည်ပအထိ လုပ်ငန်းချဲ့ ထွင်ထားနိုင်မှု -အစိုးရအထောက်အပံ့ကောင်းနဲ့ အခွန်ဆိုင်ရာအခွင့်အရေးပေးမှု -လုပ်ငန်းလေ့လာဆန်းစစ်မှုအားကောင်းခြင်းနဲ့ စဉ်ဆက်မပြတ် လုပ်ငန်းတိုးချဲ့ မှု -resources အလုံအလောက်ရရှိမှု စတဲ့အချက်တွေက ကုမ္ပဏီတိုးတက်ဖို့အတွက် အများကြီးမူတည်ပါတယ်။ Weakness ဘယ်လုပ်ငန်းမျိုးမဆို အားသာချက်၊ အားနည်းချက် […]
အကောက်ခွန်ဆိုင်ရာ အခွင့်အရေးပေးမှုစနစ်(Generalized System of Preferences) အကောင်အထည်ဖော်ဆောင်မှုပိုင်းဆိုင်ရာကိစ္စရပ်များ
၁။ အကောက်ခွန်ဆိုင်ရာအခွင့်အရေးပေးမှုစနစ် (Generalized System of Preferences- GSP)သည် ကမ္ဘာ့ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့်ဖွံ့ဖြိုးမှုညီလာခံ (United Nation Conference on Trade and Development -UNCTAD)၏ ကြိုးပမ်း စွမ်းဆောင်ချက်ဖြင့် ထွက်ပေါ်လာသောကောင်းကျိုးရလဒ်တစ်ခု ဖြစ်ပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများအထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများကို ကူညီရန် အောက်ပါရည်မှန်းချက် (၃) ရပ်ကို ချမှတ်ထားပါသည်- (က) ပြည်ပပို့ကုန်ဝင်ငွေတိုးတက်စေရန် (ခ) စက်မှုလုပ်ငန်းတိုးတက်စေရန် (ဂ) စီးပွားရေးတိုးတက်မှုနှုန်းမြင့်မားစေရန် အကောက်ခွန်ဆိုင်ရာ အခွင့်အရေး ပေးမှုစနစ် (Generalized System of Preferences) ၂။ အကောက်ခွန်ဆိုင်ရာအခွင့်အရေးပေးမှုစနစ် (Generalized System of Preferences- GSP)ဆိုသည်မှာဖွံ့ဖြိုးဆဲနိုင်ငံများ (အခွင့်အရေးလက်ခံရရှိသောနိုင်ငံ) ၏ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသာပို့ကုန်ပစ္စည်းများ ကိုဖွံ့ဖြိုးပြီးနိုင်ငံများ (အခွင့်အရေး ပေးသာနိုင်ငံ) […]