“စီကျူရီတိုက်ဇေးရှင်း (Securitization) ဟူသော ဝေါဟာရသည် စာဖတ်သူများအဖို့ စိမ်းကောင်းစိမ်းနေမည်ဖြစ်သော်လည်း ခေတ်သစ်ဘဏ္ဍာရေးဈေးကွက်တွင် အလွန်အရေးပါသော နေရာကို ရယူထားကြောင်း တွေ့ရှိရသည်။ စီကျူရီတိုက်ဇေးရှင်းကို အမေရိကန်နိုင်ငံတွင် ၁၉၆၀ လွန် နှစ်များတွင် စတင် ကျင့်သုံးခဲ့ပါသည်။” စတင်ကျင့်သုံးခဲ့စဉ်က ဘဏ်များ၏ အိမ်ယာချေးငွေများအပေါ် ဘဏ္ဍာငွေ ပြန်လည်ဖြည့်တင်း ရာတွင် ငွေသားစီးဆင်းမှု လွယ်ကူစေရေးအတွက် လက်နက်တစ်ခုအဖြစ် ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်း တွင် ခရက်ဒစ်ကဒ်များ၊ ကူးသန်းရောင်းဝယ်ရေးကိစ္စများတွင် ကြိုတင်ပေးငွေများအတွက် ရပိုင်ခွင့်များ နှင့် မော်တော်ကား ချေးငွေများတွင်ပါ စီကျူရီတိုက်ဇေးရှင်းစနစ် ဖွံ့ဖြိုးတိုးတက်ခဲ့ပါသည်။ စီကျူရီ တိုက်ဇေးရှင်းသည် အာရှနိုင်ငံများသို့လည်း အလျင်အမြန် ကူးစက်ခဲ့ပါသည်။ အထူးသဖြင့် ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်နှင့် စင်္ကာပူနိုင်ငံများတွင် ကျင့်သုံးခဲ့ကြပါသည်။ စီကျူရီတိုက်ဇေးရှင်းလုပ်ငန်းမှာ ဘဏ်တစ်ခု၏ ချေးငွေများနှင့် ရပိုင်ခွင့်များကို ဈေးကွက် […]
Editor’s Note (May Issue)
“Markets go down when the last dumb buyer has bought”. Tom De Mark, CEO De Mark Analytics “အမြှော်အမြင်မရှိတဲ့ ၀ယ်သူတွေတောင်ရှိလာပြီဆိုရင် ဈေးကွက်က ထိုးကျတော့မှာပါ” တဲ့ ။ သဘာဝ နိယာမအတိုင်းပဲ – ဈေးကွက်တစ်ခုဟာလည်း အတက်ရှိသလို အကျရှိပါတယ်။ အမေရိကန်က S&P 500 ဈေးကွက်ဟာဆိုရင်လည်း အထက်ပိုင်းရောက်ခဲ့တဲ့ အများဆုံးကာလဟာ ၁၀ နှစ်တာ ကာလလောက်ပဲရှိပါတယ်။ ပြီးရင် ဈေးကွက်က ပျက်ပါတယ်။ ဈေးကွက်ဆိုလို့ စတော့ ဈေးကွက်တစ်ခုတည်းကို ရည်ညွှန်းတာမဟုတ်ရပါ။ မြန်မာနိုင်ငံမှာလည်း မဖြစ်ပေါ်သေးတဲ့ ဈေးကွက်၊ ပေါ်ထွန်းစဈေးကွက်၊ အောင်မြင်မှု အမြင့်ဆုံးရောက်နေတဲ့ဈေးကွက်နဲ့ အကျဈေးကွက်များ များစွာ ရှိပါတယ်။ အောင်မြင်မှုအမြင့်ဆုံးရောက်နေတဲ့ […]
ပထမပုဂ္ဂလိကဘဏ်ဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်း
MBFး ပထမဦးဆုံးအနေနဲ့ အန်ကယ့်ဘဏ္ဍာရေး ၊ငွေရေးကြေးရေး၊ လောကထဲကို ဘယ်လိုစတင် ရောက်ရှိ ခဲ့တယ်ဆိုတာ သိချင်ပါတယ်။ —————– Dr.SMး အဲဒီသမိုင်းက အရှည်ကြီးပဲ၊ ၁၉၈၈-၈၉ လောက်က ဦးနေ၀င်း အာဏာရှိစဉ်တုန်း နောက်ဆုံး လွှတ်တော်မှာ ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ကူးပြောင်းမယ်လို့ ကြေညာတယ်။ အဲဒီမှာ အန်ကယ် တွေးမိတာ က ဈေးကွက် စီးပွားရေးစနစ်ဆိုရင် ဘဏ်လိုတယ်ပေါ့၊ အဲဒီအချိန်ကစပြီး ဘဏ်ထောင်ဖို့ စစည်းရုံး ဖြစ်ခဲ့ပါတယ်။ ၁၉၉၀-၉၁ ခုနှစ်လောက် သွားကျမှာပေါ့။ ပထမဆုံးက စီးပွားရေးတက္ကသိုလ်မှာ ဆရာလုပ်တယ် အဲဒီကနေ နိုင်ငံခြား ပညာတော်သင်ရတယ်။ ၁၉၆၄ မှာ New York University ကနေ Ph. D ရတယ်။ အဲဒီက […]
အရင်းအနှီးဈေးကွက်ဆိုင်ရာ ဆွေးနွေးတင်ပြချက်များ (Daw Thi Thi Lwin)
၁။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်းက ကြီးမှူး၍ “Seminar on Going Public and Launching Initial Public Offering” ဆွေးနွေးပွဲကို မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ တွင် မြန်မာငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီ (Myanmar Securities Exchange Centre) မှ အရာထမ်းတစ်ဦးသည် ငွေရေးကြေးရေးဈေးကွက်များနှင့် မြန်မာနိုင်ငံအခြေအနေ၊ အာဆီယံအရင်းအနှီးဈေးကွက်များ ပေါင်းစည်းရေးအလားအလာတို့ကို Power Point Slides များဖြင့် ဆွေးနွေး တင်ပြခဲ့ပါသည်။ ဤစာတမ်းငယ်သည် ယင်းဆွေးနွေးပွဲတွင် ရှင်းလင်းတင်ပြခဲ့သည့် အချက်များအပေါ် အခြေခံ၍ ပြုစုထားခြင်းဖြစ်ပါသည်။ ပထမပိုင်းတွင် အရင်းအနှီးဈေးကွက်နှင့် မြန်မာနိုင်ငံအခြေအနေကို ဆွေးနွေးတင်ပြထားပြီး ဒုတိယပိုင်းတွင် အာဆီယံအရင်းအနှီးဈေးကွက်များ ပေါင်းစည်းရေးအစီအစဉ်များကို […]
Catalogue
Myanmar Banking and Finance Magazine Launching Seminar!
The Roles of Financial Institutions in Developing Economies Thanks you all the attendants and Medias. And Special thanks to the delegates and special guests from KBZ Bank, CB Bank, CB Insurance, Global World Insurance and the Main Speaker Prof Dr. Maung Maung Soe.