
၁။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်းက ကြီးမှူး၍ “Seminar on Going Public and Launching Initial Public Offering” ဆွေးနွေးပွဲကို မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ တွင် မြန်မာငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီ (Myanmar Securities Exchange Centre) မှ အရာထမ်းတစ်ဦးသည် ငွေရေးကြေးရေးဈေးကွက်များနှင့် မြန်မာနိုင်ငံအခြေအနေ၊ အာဆီယံအရင်းအနှီးဈေးကွက်များ ပေါင်းစည်းရေးအလားအလာတို့ကို Power Point Slides များဖြင့် ဆွေးနွေး တင်ပြခဲ့ပါသည်။ ဤစာတမ်းငယ်သည် ယင်းဆွေးနွေးပွဲတွင် ရှင်းလင်းတင်ပြခဲ့သည့် အချက်များအပေါ် အခြေခံ၍ ပြုစုထားခြင်းဖြစ်ပါသည်။ ပထမပိုင်းတွင် အရင်းအနှီးဈေးကွက်နှင့် မြန်မာနိုင်ငံအခြေအနေကို ဆွေးနွေးတင်ပြထားပြီး ဒုတိယပိုင်းတွင် အာဆီယံအရင်းအနှီးဈေးကွက်များ ပေါင်းစည်းရေးအစီအစဉ်များကို […]