Health Insurance အ​ကြောင်းတ​စ်​​စေ့တစ်​​စောင်း….

ကျန်းမာခြင်းသည်​ လာဘ်​တစ်​ပါးဟု ဆို​သော်​လည်း လူရယ်​လို့ဖြစ်​လာပါက ​မွေးကတည်းက မ​သေခင်​အထိ အိုခြင်း၊ နာခြင်း များ​ပေါများလှ​ပေသည်​ကို လူတိုင်းလက်​ခံကြပါသည်​။ လူရယ်​လို့ဖြစ်​လာ​ပါက မနာမကျန်း မဖြစ်​၍မရပါ။ ​​ရောဂါ​ဝေဒနာဟု ဆိုရာတွင်​ သဘာဝပတ်​ဝန်းကျင်​ ရာသီဥတု ပ​ယောပ​ကြောင့်​ဖြစ်​​သော ​ရောဂါမျိးစုံနှင့်​ ပြင်​ပ ပ​ယောဂတစ်​ခုခု​ကြောင့်​ ခံစားရ​သော မ​တော်​တဆ ထိခိုက်​ဒဏ်​ရရှိမှုဟူ၍ နှစ်​မျိုးခွဲခြားနိုင်​မည်​။ ထိုအရာ​တွေကို ကြိုတင်​ကာကွယ်​ခြင်းဆို​သော Precaution လုပ်​ငန်းကသာ သက်​သာရာရနိုင်​မည့်​ နည်းလမ်းဖြစ်​သည်​။ စာ​ရေးသူ၏ အာမခံလုပ်​ငန်းအ​တွေ့အကြုံအရ အာမခံဟူသည်​ မလုပ်​မ​နေရ ပြဌာန်းချက်​ရှိ​သော ဥပ​ဒေနှင့်​လုပ်​ကိုင်​ရခြင်းမဟုတ်​၊ မိမိကိုယ်​တိုင်​ အသိဖြင့်​လုပ်​ရ​သော လုပ်​ငန်းဖြစ်​သဖြင့်​ ​ပြောရ၊ ​ဟောရ​မောလှပါသည်​။ နိုင်​ငံခြားအာမခံကုမ္ပဏီများ နှင့်​​တွေ့၍ ၄င်းတို့က​မေးလျှင်​ ကိုယ့်​ပြည်​သူများ Insurance awareness နည်း​သေး​ကြောင်းသည်​ အာမခံစီးပွား​ရေး မဖွံ့ဖြိုးရသည့်​ အဓိက​အ​ကြောင်းဟု ​ဖြေဖြစ်​ခဲ့သည်​။ အာမခံ​ဗဟုသုတ နည်းတဲ့လူတစ်​ချို့က […]

မျက်​ကန်းရင်းနှီးမြှုပ်​နှံမှု​တွေ ​ရှောင်​ရှားနိုင်​ကြ​စေဖို့…..

ဒီက​နေ့ ကမ္ဘာကြီးက လုံးရာက​နေ ပြားလာ​နေတယ်​။ ၂၀ရာစု အကုန်​ ၂၁ရာစုမှာ ကမ္ဘာကြီးကို ရုတ်​တရက်​ ချက်​ချင်းဆိုသလို သိသာတဲ့​ပြောင်းလဲမှု ဖြစ်​လာ​စေတဲ့ အားသုံးခု​ပေါ်​ပေါက်​လာ​​စေတယ်​။ အဲဒီအား (၃) ခုက ၁။ လူဦး​ရေ ​ဖောင်းပွလာမှု ၂။ နည်းပညာ တိုးတက်​လာမှု ၃။ အလွယ်​တကူ ဆက်​သွယ်​ချဉ်းကပ်​နိုင်​​​စေမှု ဖြစ်​ပါတယ်​။ တစ်​ဖက်​မှာ လူဦး​ရေ​ ပေါက်​ကွဲ​ဖောင်းပွလာသလို အခြားတစ်​ဖက်​မှာ လူသားအချင်းချင်း ​မေတ္တာစိတ်​​တွေ​ပျောက်​ပြီး နိုင်​ငံသားအချင်းချင်းနဲ့ နိုင်​ငံ​တွေကို ကျူး​ကျော်​တိုက်​ခိုက်​ သတ်​ဖြတ်​မှု​တွေလည်း များလာ​နေတယ်​။ တစ်​ခါလူသားအချင်းချင်း နည်းလမ်း​ပေါင်းစုံနဲ့ လိမ်​လည်​လှည့်​ပတ်​မှု​တွေလည်း ​ပေါ်​ပေါက်​လာ​နေတယ်​။ အဓိက က​တော့ လူ​တွေမှာ စိတ်​ဓာတ်​​တွေ ယိုယွင်းပျက်​ပြားလာကြလို့ဖြစ်​တယ်​။ ငါသာလျှင်​ အရာရာကို ပိုင်​စိုးနိုင်​ရမယ်​ဆိုတဲ့ အတ္တစိတ်​ လွှမ်းမိုးမှု​တွေ လွန်​ကဲလာလို့ ဖြစ်​တယ်​။ နိုင်​ငံတကာမှာ Fraud […]

စွန့်ဦးတီထွင်လုပ်ငန်းရှင်များ မိမိတို့၏ကုမ္ပဏီကို လေ့လာသုံးသပ်ရာတွင်အရေးကြီးသည့် သော့ချက်များ…(ဒုတိယပိုင်း)

စွန့်ဦးတီထွင်လုပ်ငန်းရှင်သည် မိမိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းအား စဉ်ဆက်မပြတ် သုံးသတ်အကဲဖြတ်ရာတွင် ပို၍အရေးကြီးသည်မှာ အကဲဖြတ်မှုထက်၊ အကဲဖြတ်မှုရလာဒ်အပေါ်တွင် မည်သို့ဆက်လက်ဆောင်ရွက်မည် ဆိုသည့်အချက်က ပိုမိုအရေးကြီးပေသည်။ ၆။ ဘဏ္ဍာ​ရေးဆိုင်​ရာ ထိန်းသိမ်းမှု ​လျော့နည်း​နေခြင်း ရှိ၊မရှိ​လေ့လာသုံးသပ်​ခြင်း။ မည်​သည့်​စီးပွား​ရေးလုပ်​ငန်းတွင်​မဆို “​အောင်​မြင်​မှုညွှန်​ပြကိန်း” (Success Indicator) မှာ အဓိကအားဖြင့်​ “အသားတင်​အမြတ်​” (Net Profit) ပင်​ဖြစ်​​ကြောင်း မည်​သည့်​စီပွား​ရေးလုပ်​ငန်းရှင်​မှ ငြင်းနိုင်​မည်​မဟုတ်​​ပေ။ တစ်​နည်းအားဖြင့်​ အသားတင်​အမြတ်​သည်​ မိမိ၏ စီးပွား​ရေးလုပ်​ငန်း၏ ပထမဦးစား​ပေး ရည်​မှန်းချက်​ပင်​ဖြစ်​သည်​။ အခြားရည်​မှန်းချက်​များမှာ ဒုတိယဦးစား​ပေးအဆင့်​တွင်​ပင်​ ရှိ​နေ​ပေမည်​။ မိမိလုပ်​ကိုင်​​သော စီးပွား​ရေးလုပ်​ငန်း၏ ​အောင်​မြင်​မှု (သို့မဟုတ်​) ရှုံးနိမ့်​မှုကို တိုင်းတာ​သော​ပေတံသည်​ ​ငွေေ​ကြးပင်​ဖြစ်​သဖြင့်​ “​ငွေေ​ကြးယိုဖိတ်​မှု” (သို့မဟုတ်​) ဘဏ္ဍာ​ရေးယိုဖိတ်​မှု (Financial Leakage) မရှိရန်​​ဆောင်​ရွက်​တတ်​ကြရ​မည်​။ စွန့်​ဦတီထွင်​လုပ်​ငန်းရှင်​အ​နေဖြင့်​ လစဉ်​လတိုင်း အနည်းဆုံး ရက်​သတ္တပတ်​ တစ်​ပတ်​အတွင်း […]

ကိုယ်က ငွေနောက်ကိုလိုက်မလား? ငွေကို ကိုယ့်နောက်လိုက်အောင်လုပ်မလား?

“လူမှာ​ခြေ​ထောက်​ နှစ်​​ချောင်းရှိပြီး ​ငွေမှာ​တော့​ခြေ​ထောက်​​လေး​ချောင်း ရှိတယ်​” လို့ အဆိုရှိပါတယ်​။ အဓိပ္ပါယ်​က​တော့ “​ငွေဟာ​ခြေ​ထောက်​ ​လေး​ချောင်းရှိတဲ့အတွက်​ ​ခြေ​ထောက်​နှစ်​​ချောင်းသာရှိတဲ့ လူကလိုက်​ရင်​ ​ဘယ်​​တော့မှ လိုက်​မမီဘူး ​မောရုံသာရှိမယ်​။ ဒါ​ပေမဲ့ ​ငွေကလူ​နောက်​ကို လိုက်​ပြီဆိုရင်​လည်း အဲ့ဒီလူဟာ ​ပြေးလို့လွတ်​မှာမဟုတ်​ဘူး” လို့ဆိုလိုခြင်းဖြစ်​ပါတယ်​။ ဒီအချက်​ကိုမသိတဲ့သူ​တွေဟာ ​ငွေ​နောက်​ကိုလိုက်​ရင်း တစ်​သက်​လုံး​မောပန်း​နေရပါတယ်​။ ​ငွေ​နောက်​ကိုလိုက်​မဲ့အစား ​ငွေ​တွေကကိုယ့်​​နောက်​ကိုလိုက်​လာ​အောင်​ လုပ်​တဲ့ပညာကိုသာ သိထားမယ်​ဆိုလို့ရှိရင်​ ​ငွေ​ကြေး​အောင်​မြင်​မှု​တွေ ရရှိလာမှာ မလွဲမ​သွေပါဘဲ။ ​ငွေ​နောက်​တ​ကောက်​​ကောက်​ လိုက်​​နေရတဲ့ဘဝက လွတ်​​မြောက်​ချင်​ရင်​​တော့ ​ငွေ​နောက်​လိုက်​တာကို ခဏ​လေးရပ်​ပြီး ​ငွေ​တေကိုယ့်​​နောက်​ လိုက်​လာ​အောင်​ ဘယ်​လိုလုပ်​မလဲ၊ ​ငွေကို ဘယ်​လိုဘယ်​ပုံနည်းနဲ့ တိုးပွားလား​အောင်​ ​စေခိုင်းမလဲဆိုတာ ​လေ့လာဖို့လိုပါတယ်​။ ​ငွေ​တွေကိုယ့်​​နောက်​လိုက်​လာဖို့ဆိုရင်​​ ​ငွေ​တွေရှိတဲ့​နေရာက ​ငွေ​တွေကိုပိုက်​သွယ်​ပြီး ​ငွေဘုံဘိုင်​အဖြစ်​ ကိုယ့်​ဆီစီးဝင်​လာ​အောင်​ ​ငွေဝင်​လမ်း​ကြောင်း​တွေကို ဖန်​တီးထားဖို့ လိုအပ်​ပါတယ်​။ ​ငွေဘုံဘိုင်​အဖြစ်​ ဖန်​တီးတည်​​ဆောက်​ပြီး ​ငွေ​တွေစီးဝင်​လာ​အောင်​ လုပ်​တယ်​ဆိုတာက […]

စွန့်ဦးတီထွင်လုပ်ငန်းရှင်များ မိမိတို့၏ကုမ္ပဏီကို လေ့လာသုံးသပ်ရာတွင် အရေးကြီးသည့်သော့ချက်များ

စွန့်ဦးတီထွင်လုပ်ငန်းရှင်သည် မိမိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းအား စဉ်ဆက်မပြတ် သုံးသတ်အကဲဖြတ်ရာတွင် ပို၍အရေးကြီးသည်မှာ အကဲဖြတ်မှုထက်၊ အကဲဖြတ်မှုရလာဒ်အပေါ်တွင် မည်သို့ဆက်လက်ဆောင်ရွက်မည် ဆိုသည့်အချက်က ပိုမိုအရေးကြီးပေသည်။ ၁။ ပိုမိုရင်းနှီးမြှုပ်​နှံခြင်းထက်​ စွမ်းအားမြှင့်​တင်​မှု ရှိ၊မရှိ သုံးသပ်​ခြင်း။ ​လှေ​မျှောလျှင်​​လှေနဲ့လိုက်​၊ ​ငွေ​မျှောလျှင်​ ​ငေ်​နဲ့လိုက်​ဆိုသည့်​ မြန်​မာစကားပုံအတိုင်း အချို့မြန်​မာ့စီးပွား​ရေးလုပ်​ငန်းရှင်​များသည်​ စီးပွား​ရေးလုပ်​ငန်း ကျဆင်းလာလျှင်​ ရင်းနှီး​ငွေများ ထပ်​မံရှာ​ဖွေစု​ဆောင်း ထည့်​ဝင်​ပြီး ​ငွေကိုပုံ​အော၍ ​ဆောင်​ရွက်​​လေ့ရှိတတ်​ကြသည်​။ အချို့​သောစီးပွား​ရေးလုပ်​ငန်းရှင်​များတွင်​ ဆုံးရှုံးမှုမှာ ရင်းနှီး​ငွေနည်းပါးမှု​ကြောင့်​ မဟုတ်​ဘဲ လုပ်​ကိုင်​သူများ၏ စွမ်းရည်​မပြည့်​ဝမှု​ကြောင့်​ ဖြစ်​တတ်​သည်​ကို သတိပြုရ​ပေမည်​။ ယ​နေ့နိုင်​ငံတကာ စီးပွား​ရေး​လောကတွင်​ နာမည်​ကြီး​နေ​သော “IBM” ((International Business Machine Company) နှင့်​ “GMC” (General Motor Corporation) တို့တွင်​ ဝန်​ထမ်းများ “ဖြုတ်​ပစ်​” (Lay-Off) ​နေခြင်းမှာ မိမိ၏ […]

ငွေကြေးခဝါချခြင်း (Money Laundering)

ငွေကြေးခဝါချခြင်းဆိုတာကတော့ တရားဥပဒေနဲ့မညီတဲ့ နည်းလမ်းမျိုးစုံနဲ့ရရှိထားသော ငွေကြေးဇစ်မြစ်အမှန်ကို ဖုံးကွယ်ပြီး တရားဝင်ဖြစ်အောင် ငွေကြေး(သို့မဟုတ်) ပစ္စည်းတွေကို အသွင်ပြောင်းလဲထားတဲ့ အခြေအနေအားလုံးကို ငွေကြေးခဝါချခြင်းလို့ သတ်မှတ်ပါတယ်။ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးကို နိုင်ငံတကာမှာလဲ အဓိကထား လုပ်ဆောင်နေကြပါတယ်။ ငွေကြေးခဝါချခြင်းဆိုတဲ့ အဓိပ္ပါယ်က အရမ်းကိုလေးနက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ငွေမည်းကိုငွေဖြူ အဖြစ် အသွင်ပြောင်းလိုက်တဲ့အခါမှာ နိုင်ငံတစ်ခုရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍတွေ အကုန်လုံးမှာ ကမောက်ကမတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ငွေကြေးခဝါချခြင်းကို နိုင်ကံတကာက လက်မခံနိုင်ဘဲ တိုက်ဖျက်သင့်တဲ့အရာလို့ မြင်ပါတယ်။ ငွေကြေးခဝါချမှုတိုက်ဖျက်ခြင်းနဲ့ မြန်မာနိုင်ငံ မြန်မာနိုင်ငံမှာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအတွက် ၂၀၀၂ခုနှစ်မှာ ဥပဒေထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို ဥပဒေထုတ်ပြန်ခဲ့တဲ့ အချိန်ကတည်းက စတင်လုပ်ဆောင်ခဲ့ပါတယ်။ [Financial Action Task Force (FATF) […]