
စွန့်ဦးတီထွင်လုပ်ငန်းရှင် (Entrepreneur) တိုင်းသည် စီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြသော်လည်း စီးပွားရေးလုပ်ငန်းရှင်တိုင်းတော့ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ မဟုတ်ကြပါဘူး။ ကမ္ဘာပေါ်ရှိသန်းပေါင်းများစွာသော စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ သမိုင်းကြောင်းနှင့် ကိုယ်ရေးရာဇဝင်များ လုပ်ဆောင်ချက်များကို ပြန်လည်လေ့လာဆန်းစစ်ကြည့်ပြီး စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ထူထောင်နိုင်မည်ဖြစ်သော အတွေးအခေါ်၊အကြံအစည်များစွာထဲမှ ပိုမိုကောင်းမွန်သော နည်းလမ်းများကို တင်ပြပေးပါမည်။ ” ပထမနည်းလမ်းမှာ လက်ရှိစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသော ကုမ္ပဏီများကိုလေ့လာခြင်း”ပင်ဖြစ်သည်။ မြန်မာ့စကားပုံတစ်ခုဖြစ်သည့် “အကြံတူ၊ နောက်လူသာစမြဲ” ဆိုသည့်အတိုင်း၊ လက်ရှိဈေးကွက်တွင် ကုန်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချ နေသော ကုမ္ပဏီများကို ကိုယ်တိုင်ကိုကျ ကွင်းဆင်းလေ့လာသုံးသပ်ပြီးမှ မိမိက လုပ်ငန်းစတင်ခြင်းဖြစ်တဲ့အတွက် မူရင်းလုပ်ကိုင်သူများ၏ အားသာချက်၊ အားနည်းချက် များကိုသိရှိပြီး ပြုပြင်ဆောင်ရွတ်ပြင်ဆင်ကာ ၎င်းတို့ထက် သာလွန်အောင် ပြိုင်ဆိုင်မှုအပြည့်ရှိသော ဈေးကွက် (Perfect Competition Market) သို့ ဝင်ရောက်ခြင်းမျိုးပင်ဖြစ်သည်။ ဒုတိယနည်းလမ်းမှာ “စားသုံးသူ(Consumer) များနှင့်တွေ့ဆုံလေ့လာခြင်း” ပင်ဖြစ်သည်။ […]