Madoff ဖြစ်စဉ်အတွက် JP Morgan ဘဏ်ရဲ့ ဒဏ်ငွေပေးဆောင်နေရမှုဟာ US$ 2 Billion နဲ့ပြီးပြတ်တော့မှာဖြစ်ပါတယ်လို့ Business Insider Magazine မှာဖော်ပြထားပါတယ်။ ထုတ်ဝေပြီးအစီရင်ခံစာတွေအရ JP Morgan ဘဏ်ဟာ Bernard Madoff ရဲ့ Ponzi Scheme အတွက်ဒဏ်ငွေပေးဆောင်နေရမှုဟာ US dollar 2Billion နီးပါးသို့ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။အစိုးရရှေ့နေတွေဟာ JP Morgan Chase ကို Madoff ရဲ့ပြစ်မှုတွေကို ဖုံးကွယ်ပေးခဲ့ပြီး သမိုင်းမှာ အကြီးမားဆုံး Ponzi Scheme ဖြစ်ပေါ်စေခဲ့မှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။ Madoff ဟာ သူ့ကိုယုံကြည်နေတဲ့ ရင်းနှီးမြုပ်နှံသူဆီကနေ US Dollar 20 Billions ရှိတဲ့ငွေတွေနဲ့ Stock တွေကို အလွဲသုံးစားလုပ်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ JP Morgan ဆီကနေရလာတဲ့ ဒဏ်ကြေးတွေကနေ ထိခိုက်နစ်နာခဲ့လူတွေကိုပြန်ပေးမှာဖြစ်ပါတယ်။။ JP Morgan ဟာ (Deferred Prosecution Agreement) ကိုမျှော်လငိ့နေပါတယ်။ ကုပ္ပဏီတစ်ခုဟာ အစပိုင်းမှာ မိမိ ဥပဒေသတ်မှတ်ချက်တွေကိုလိုက်နာလိုက်ခြင်းဖြင့် မိမိ ပြစ်မှုအတွက် မိမိ ကို တရားစွဲဆိုခြင်းမှ ခေတ္တရှောင်ရှားနိုင်ပါတယ်။ အဲလိုရှောင်ရှားနိုင်တာကို Deferred Prosecution Agreement လို့ခေါ်ပါတယ်။
JP Morgan ဟာ ထိုပြစ်မှုအတွက် ခုပြစ်မှု အတွက်ဒဏ်ငွေ US Dollar 1 Billion ပေးဆောင်ရမှာဖြစ်ပြီး တစ်ခြားတပ်ဆောင်းဒဏ်ငွေ အဖြစ် US Dollar 1 Billion ထပ်မံပေးဆောင်ရမှာဖြစ်ပါတယ်။နောက်ပြီးJP Morgan ဟာ သူနဲ့ Madoff တို့ရဲ့ပတ်သက်မှုကို ထုတ်ဖေါ်ပြောဆိုဖို့ ပျက်ကွက်ခဲ့တယ်လို့သိရပေမယ့်။ JP Morgan ရဲ့ပြောရေးဆိုရေးရှိသူကကော New York တောင်ပိုင်းခရိုင်ရှေုနေရုံးကကော အတည်မပြုပေးခဲ့ပါဘူး။
တကယ်တန်းတော့ JP Morgan အတွက် ခုလိုဒဏ်ငွေ ဆောင်ရတယ်ဆိုတာ အဆန်းမဟုတ်တော့ပါဘူး။ပြီးခဲ့တဲ့ November လတုန်းကပဲ သူတိုဟာ ၂၀၀၈ခုနှစ် စီးပွားရေး ကျဆင်းမှုမတိုင်ခင်က Mortgage Backed Securities (အိမ်ငှားရမ်းမှု အပေါ် အခြေခံပြီးရောင်းဝယ်သော ငွေကြေးသက်သေခံလက်မှတ်များ) ကို ရောင်းချခဲ့မှုနဲ့ ပတ်သက်ပြီး US Dollar 13 Billion ဒဏ်ငွေဆောင်ဖို့သဘောတူခဲ့ပါတယ်။ အဲဒီလမှာပဲ Institutional Investor များကို Mortgage Backed Securities တွေရောင်းချ ခဲ့တဲ့နေရာမှာဆုံးရှုံးစေခဲ့တဲ့ အတွက် US Dollar 4.5 Billion ကို ပြန်လည်ပေးဆပ်မယ်လို့ ကြေညာခဲ့ပါတယ်။
အဓိက တရားခုံဖြစ်တဲ့ Madoff ကတော့ အဖမ်းခံရပြီး၃လ အကြာ ၂၀၀၉ မှာ အပြစ်ရှိကြောင်းဝန်ခံခဲ့ ပြီး ထောင် နှစ် ၁၅၀ ကျခံစေဖို့ အမိန့်ချ မှတ်ခြင်းခံခဲ့ရပါတယ်။