ပြည်သူများအနေဖြင့် အာမခံဆိုင်ရာအသိ (Insurance Awareness) နည်းသေးသည်ဟုဆိုသော်လည်း “ခလုတ်ထိမ အမိတ”ဒါမှမဟုတ် “ပြောမှသိ၊ ထိမှနာ” ဆိုသော စကားများအတိုင်း အခုတော့ဖြင့် အာမခံထားရမှန်း နည်းနည်းပါးပါး သိလာကြချိန် ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုရင် အခုတလော ကားတွေက လမ်းပေါ်မှာ တအားများ၊ ယာဉ်ကြောကလည်း ပိတ်လိုက်တာမှ မြို့ထဲကရုံးကို ရုံးချိန်မီချင်ရင် မနက် ၆နာရီ ၇နာရီ အိမ်ကထွက်ရတဲ့ဘဝ၊ ကားတွေများတာနဲ့အမျှ လိုင်စင်မရှိတဲ့သူ၊ လိုင်စင်မမှန်တဲ့ သူတွေကလည်းအများကြီး အဲ့ဒီလိုလူတွေမောင်းပြီး ယာဉ်ကြောကြပ်လွန်းတော့ အနည်းနဲ့အများ တိုက်လိုက်ကြတဲ့ကားတွေ၊ တစ်နေ့တစ်နေ့ ပျှမ်းမျှအမှု (၁၀) မှုအထက် ရှိတယ်လို့ဆိုပါတယ်။
အဲ့ဒီပျှမ်းမျှ (၁၀)မှုထဲက ကားအာမခံထားသူပါလျှင်လည်း “ဟင်း…တော်သေး ငါ့ကားအာမခံထားမိပေလို့ပေါ့” လို့အတွေး၊ မထေားမိသေးတဲ့ သူတွေကလည်း “ဩော် ငါ့ကားဝယ်ကတည်းက အာမခံထားမိရင်ကောင်းသား” လို့တွေးတွေ ကိုယ်စီဖြစ်ကြသတဲ့။ ဒါကြောင့် စာရေးသူ ပြောသလို “ပြောမှသိ၊ ထိမှနာ” ဆိုတဲ့စကား မှန်တယ်လို့လေ။ ကားအာမခံလာထားသူတွေကလည်း အရင်ကထက် နည်းနည်းများလာ ၊ အာမခံကုမ္ပဏီတွေကလည်း အရင်ကထက် နည်းနည်းပိုလျော်လာရနဲ့၊ သူ့ဘာသူတော့ကိုက်လို့ပဲ။
ဒီကြားထဲ Product အသစ်ဖြစ်တဲ့ ကျန်းမာရေး အာမခံကိုစလုပ်မယ် ဆိုပြန်တော့လဲ စိတ်ဝင်စားကြတယ်မဟုတ်လား။ ပြည်သူတွေနားထဲမှာ အာမခံ၊ အာမခံဆိုပြီး တစ်ချိန်မဟုတ် တစ်ချိန် စိမ့်ဝင်နေတာ အာမခံစီးပွားရေး လောကအတွက် အလားအလာ ကောင်းပါတယ်။ ဒီလိုပဲ နိုင်ငံတကာမှာလဲ နှစ်ဆယ်ချီပြီး ပြည်သူလက်ခံအောင် လုပ်ခဲ့ကြတာပဲလေ။
အာမခံ အသိတိုးလာပြီဆိုတော့ အာမခံအမျိုးအစားပေါင်း (၅၀) ကျော်ထဲမှာ အလုံးစုံမော်တော်ယာဉ် အာမခံဆိုတာပဲ လူသိများတယ်။ ဒါဆိုလဲ စီးပွားရေးသဘောအရ Equal & Balance Product မဟုတ်ပြန်ဘူး။ အာမခံ Product တစ်ခု အချိုးညီမျှကိန်းမှာ အရမ်းကွာဟနေလို့မကောင်းဘူး။ ဟန်ချက်ညီ စီးပွားရေးသာ ဖြစ်သင့်ပါတယ်။
စာရေးသူ၏ ဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့ ကုမ္ပဏီပိုင်ရှင်တွေ၊ ရှေ့နေတွေရဲ့ announcement နဲ့ notice ကိစ္စကိုပဲ ပြန်သွားရအောင်။ အာမခံကုမ္ပဏီတွေမှာ အလုပ်ရှင်တစ်ဦးရဲ့ ဝန်ထမ်းတွေရဲ့ ကျင့်ဝတ်သိက္ခာနဲ့ ပက်သက်လို့ အာမခံထားလို့ ရသေးတယ်ဆိုတာ တော်တော်များများ မသိကြပါဘူး။ ယခုကာလမှာတော့ အလုပ်သမားစုပေါင်း အသက်အာမခံထားမယ်။ အလုံးစုံမော်တော်ယာဉ် အာမခံထားမယ်၊ မီးအာမခံထားမယ်စတဲ့ ၃၊၄ မျိုးလောက်ပဲ သိကြတယ်၊စိတ်ဝင်စားကြတယ်။ အရောင်းမြှင့်တင်ရေးဝန်ထမ်းတွေကလဲ ဒီ ၃၊ ၄ မျိုးပဲ ဇောင်းပေးပြီး ရှင်းပြ၊ ဟောပြတတ်ကြတယ် မဟုတ်လား။ တကယ်တော့ လုပ်ငန်းရှင်တစ်ဦးဟာ နေ့စဉ်အမျှ စာရင်းကိုင်၊ မန်နေဂျာ လူယုံစတဲ့ ဝန်ထမ်းတွေ ပြုစုတင်ပြတဲ့ စာရင်းဇယားတွေကို ကြည့်ပြီး အနာဂတ်အိမ်မက်တွေကို အကောင်အထည် ဖော်နေကြသူများ ဖြစ်ကြတယ်။ “လူယုံသတ်ရက်သေ” ဆိုသလိုပဲ တစ်ခါတစ်ရံ သိန်းပေါင်းချီ၍ အလွဲသုံးစားလုပ်သွားခဲ့ပါက မိမိရှာသမျှ အဖတ်မတင်ပဲ စီးပွားရေးပျက်သည့် ဘဝထိရောက်တတ်ပါသည်။
အဲ့ဒီလိုအဖြစ်မျိုးတွေ စိုးရိမ်ရင်တော့ ဆိုခဲ့သလိုပဲ မိမိရဲ့ဝန်ထမ်းတွေ ကျင့်ဝတ်သိက္ခာပိုင်းကို ကိုယ်စားတာဝန်ယူပေးနိုင်တဲ့ “သမာဓိအာမခံ” အင်္ဂလိပ်လို “Fidelity Insurance” ဆိုတဲ့အာမခံလည်း လုပ်လို့ရပါသေးလားလို့ သိခဲ့ကြရင်တော့ ကြောငြာစရိတ်နဲ့ ရှေ့နေခ စာဖတ်သူတို့ရဲ့ ငွေစာရင်းခေါင်းဉ်မှာ တွေ့ဖို့မလွယ်တော့ပါဘူး။ #ZTK
Soe Win Thant (Global Insurance)