ကျန်းမာခြင်းသည်​ လာဘ်​တစ်​ပါးဟု ဆို​သော်​လည်း လူရယ်​လို့ဖြစ်​လာပါက ​မွေးကတည်းက မ​သေခင်​အထိ အိုခြင်း၊ နာခြင်း များ​ပေါများလှ​ပေသည်​ကို လူတိုင်းလက်​ခံကြပါသည်​။

လူရယ်​လို့ဖြစ်​လာ​ပါက မနာမကျန်း မဖြစ်​၍မရပါ။ ​​ရောဂါ​ဝေဒနာဟု ဆိုရာတွင်​ သဘာဝပတ်​ဝန်းကျင်​ ရာသီဥတု ပ​ယောပ​ကြောင့်​ဖြစ်​​သော ​ရောဂါမျိးစုံနှင့်​ ပြင်​ပ ပ​ယောဂတစ်​ခုခု​ကြောင့်​ ခံစားရ​သော မ​တော်​တဆ ထိခိုက်​ဒဏ်​ရရှိမှုဟူ၍ နှစ်​မျိုးခွဲခြားနိုင်​မည်​။

ထိုအရာ​တွေကို ကြိုတင်​ကာကွယ်​ခြင်းဆို​သော Precaution လုပ်​ငန်းကသာ သက်​သာရာရနိုင်​မည့်​ နည်းလမ်းဖြစ်​သည်​။
စာ​ရေးသူ၏ အာမခံလုပ်​ငန်းအ​တွေ့အကြုံအရ အာမခံဟူသည်​ မလုပ်​မ​နေရ ပြဌာန်းချက်​ရှိ​သော ဥပ​ဒေနှင့်​လုပ်​ကိုင်​ရခြင်းမဟုတ်​၊ မိမိကိုယ်​တိုင်​ အသိဖြင့်​လုပ်​ရ​သော လုပ်​ငန်းဖြစ်​သဖြင့်​ ​ပြောရ၊ ​ဟောရ​မောလှပါသည်​။ နိုင်​ငံခြားအာမခံကုမ္ပဏီများ နှင့်​​တွေ့၍ ၄င်းတို့က​မေးလျှင်​ ကိုယ့်​ပြည်​သူများ Insurance awareness နည်း​သေး​ကြောင်းသည်​ အာမခံစီးပွား​ရေး မဖွံ့ဖြိုးရသည့်​ အဓိက​အ​ကြောင်းဟု ​ဖြေဖြစ်​ခဲ့သည်​။

အာမခံ​ဗဟုသုတ နည်းတဲ့လူတစ်​ချို့က ​ပြော​သေးတယ်​။ အာမခံဆိုတာ အယူချည်းပဲတဲ့၊ လူ​တွေဆီက ပရီမီယံဆိုပြီး သပိတ်​ဝင်​အိတ်​ဝင်​ ရကြတယ်​တဲ့၊ ​ပြောချင်​တာက သပိတ်​ဝင်​အိတ်​ဝင်​ ​တော့မရပါဘူး။ လက်​ရှိလုပ်​​နေကြတဲ့ ပုဂ္ဂလိက အာမခံကုမ္ပဏီ​တွေ လုပ်​ကိုင်​​နေကြတာ သက်​တမ်းအားဖြင့်​ တစ်​နှစ်​ဝန်းကျင်​ရှိ​နေကြလို့ Annual report ​တွေ​ထွက်​​နေကြပါပြီ။ ကုမ္ပဏီတိုင်း claim ဆိုတဲ့ ​လျော်​​ကြေးပမာဏဟာ ပရီမီယံရဲ့ပျှမ်းမျှ ၁၀ ရာခိုင်​နှုန်းက​နေ ၁၈ ရာခိုင်​နှုန်းကြား အသီးသီးရှိတာ​တွေ့ရပါတယ်​။ ဒါကလဲ အာမခံထားသူနည်း​သေးလို့ ၊ အာမခံအ​ကြောင်းနားလည်​သူ နည်း​သေးလို့ဖြစ်​တယ်​။ ​နောင်​ဆို ​လျော်​​ကြေးနှုန်း​တွေ တက်​လာနိုင်​ပါတယ်​။

အ​ရေးကြီးတာ တစ်​ခုက​တော့ များများလက်​ခံ နည်းနည်း​လျော်​ပါ။ နည်းနည်းဆိုတာ ​လျော်​​ကြေးပမာဏပါ။ ဥပမာ စာ​ရေးသူကုမ္ပဏီက ခရီးသွားအာမခံနဲ့ပက်​သက်​ပြီး လုပ်​ငန်းလုပ်​ကိုင်​တဲ့ ​ခြောက်​လအတွင်း မ​ကွေးအ​ခြေစိုက်​ယာဉ်​လိုင်း ၃လိုင်းက accident တစ်​ကြိမ်​စီ​ပေါ်ခဲ့လို့ ခရီးသည်​​တွေကို သုံးခါ​လျော်​​ကြေး ခံစားခွင့်​ ​ပေးခဲ့ရတယ်​။ ကံ​ကောင်းတာက ယာဉ်​​ပေါ်ပါ ထိခိုက်​ဒဏ်​ရာရ ခရီးသည်​တိုင်းဟာ ပွန်းပဲ့ဒဏ်​ရာရ ဖြစ်​ခဲ့ကြတယ်​။ အာမခံကုမ္ပဏီ​နဲ့ ခရီးသည်​နှစ်​ဦးစလုံး ကံေ​ကောင်းကြတာပါ။ ​ပြောချင်​တာက အကြိမ်​များများ​လျော်​ရတဲ့အခါ ပြည်​သူ​တွေ၊ ခရီးသွား​တွေရဲ့ စိတ်​ဝင်​စားမှု၊ ယုံကြည်​မှု​တွေ ပိုမိုခိုင်​မာလာတာ သိရှိရတယ်​။

ဒါ​ကြောင့်​ အာမခံပညာနဲ့ လူအများရဲ့ အသက်​စည်းစိမ်​ကို အ​ကာအကွယ်​ အ​ထောက်​အပံ့ပြုလိုပါတယ်​။ သို့​ပေမဲ့ သဘာဝ​ဘေးအန္တရာယ်​​တွေ ကြီးကြီးမားမား မဖြစ်​ဘဲ ​ရောဂါဘယ​တွေလဲ တတ်​နိုင်​သမျှ ကင်းကြပါ​စေ။ “ဘုန်းကြီးပါ​စေ အသက်​ရှည်​​စေ” လို့ဆု​တောင်း​ပေးချင်​ပါတယ်​။ #ZTK
Soe Win Thant (Global World Insurance)

Leave a Reply

Your email address will not be published. Required fields are marked *