စွန့်ဦးတီထွင်လုပ်ငန်းရှင်သည် မိမိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းအား စဉ်ဆက်မပြတ် သုံးသတ်အကဲဖြတ်ရာတွင် ပို၍အရေးကြီးသည်မှာ အကဲဖြတ်မှုထက်၊ အကဲဖြတ်မှုရလာဒ်အပေါ်တွင် မည်သို့ဆက်လက်ဆောင်ရွက်မည် ဆိုသည့်အချက်က ပိုမိုအရေးကြီးပေသည်။
၆။ ဘဏ္ဍာရေးဆိုင်ရာ ထိန်းသိမ်းမှု လျော့နည်းနေခြင်း ရှိ၊မရှိလေ့လာသုံးသပ်ခြင်း။
မည်သည့်စီးပွားရေးလုပ်ငန်းတွင်မဆို “အောင်မြင်မှုညွှန်ပြကိန်း” (Success Indicator) မှာ အဓိကအားဖြင့် “အသားတင်အမြတ်” (Net Profit) ပင်ဖြစ်ကြောင်း မည်သည့်စီပွားရေးလုပ်ငန်းရှင်မှ ငြင်းနိုင်မည်မဟုတ်ပေ။ တစ်နည်းအားဖြင့် အသားတင်အမြတ်သည် မိမိ၏ စီးပွားရေးလုပ်ငန်း၏ ပထမဦးစားပေး ရည်မှန်းချက်ပင်ဖြစ်သည်။ အခြားရည်မှန်းချက်များမှာ ဒုတိယဦးစားပေးအဆင့်တွင်ပင် ရှိနေပေမည်။ မိမိလုပ်ကိုင်သော စီးပွားရေးလုပ်ငန်း၏ အောင်မြင်မှု (သို့မဟုတ်) ရှုံးနိမ့်မှုကို တိုင်းတာသောပေတံသည် ငွေကြေးပင်ဖြစ်သဖြင့် “ငွေကြေးယိုဖိတ်မှု” (သို့မဟုတ်) ဘဏ္ဍာရေးယိုဖိတ်မှု (Financial Leakage) မရှိရန်ဆောင်ရွက်တတ်ကြရမည်။
စွန့်ဦတီထွင်လုပ်ငန်းရှင်အနေဖြင့် လစဉ်လတိုင်း အနည်းဆုံး ရက်သတ္တပတ် တစ်ပတ်အတွင်း မိမိ၏စီးပွားရေးစားပွဲဝိုင်းပေါ်သို့ စနစ်တကျ မှန်ကန်စွာ ရေးဆွဲထားသော အောက်ပါစာရင်းများ အချိန်မီရောက်ရှိနေရန် အရေးကြီးသည်။
(က) လစဉ်ငွေစာရင်းချုပ်
(ခ) ကုန်သွယ်စာရင်းနှင့် အရှုံးအမြတ်စာရင်း
(ဂ) လက်ကျန်ရှင်းတမ်း
တစ်နည်းအားဖြင့် ယင်းစာရင်းတို့မှာ “ငွေသားစီးဆင်းမှုစာရင်း” (Cash Flow Account) “ဝင်ငွေအခြေပြစာရင်း” (Income Statement) နှင့် “လက်ကျန်ရှင်းတမ်း” (Balance Sheet) များပင်ဖြစ်သဖြင့် ယင်းစာရင်းများကို သက်ဆိုင်ရာစာရင်းကိုင်က တိကျမှန်ကန်စွာ ရေးဆွဲတင်ပြရန် လိုအပ်ပေသည်။ စွန့်ဦးတီထွင်လုပ်ငန်းရှင် အနေဖြင့် ယင်းစာရင်းများကို ကြည့်ရှုလေ့လာသုံးသပ်ရုံဖြင့် မပြီးဘဲ အားသာချက်၊ အားနည်းချက်များကို နောက်လတွင် မည်သို့ပြုပြင်ပြောင်းလဲဆောင်ရွတ်မည် (Follow up action) ကိုအစီအစဉ်ဆောင်ရွတ်တတ်မှုသည် အရေးကြီးဆုံးဖြစ်သည်။ စာရင်းဇယားမှန်ကန်တိကျမှု၊ အချိန်မီပြီးစီးမှုသည် မိမိလုပ်ငန်း၏အသက်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သဘောပေါက်ထားရန် လိုအပ်ပေသည်။
ဖြစ်နိုင်ရင် အထက်ပါစာရင်းဇယားများအပြင် စီးပွားရေးလုပ်ငန်း တစ်ခုခြင်းကို “ဘဏ္ဍာရေးအချိုးဖြင့် စိစစ်ခြင်း” (Financial Ratio Analysis) ပြုလုပ်ပြီး တစ်ခုခြင်းကို အဖြေထုတ်လျက် နောင်ကာလများအတွက် မည်သို့ပြုပြင်ပြောင်းလဲ ပြင်ဆင်ဆောင်ရွတ်မည်ကို အစီအစဉ် ချမှတ်ဆောင်ရွတ် ရေးဆွဲနိုင်ပါက ပိုမိုထိရောက်နိုင်ပေသည်။
၇။ စီမံခန့် ခွဲမှု ကိရိယာများ သုံးစွဲမှုလျော့နည်းနေခြင်း ရှိ၊မရှိ လေ့လာသုံးသပ်ခြင်း
စွန့်ဦးတီထွင်လုပ်ငန်းရှင်သည် တစ်ဖက်ပါ စီမံခန့် ခွဲမှုလေးရပ် (Management Quadrille) ကို အသေးစိတ် ကျွမ်းကျွမ်းကျင်ကျင် မသိနိုင်သည့်တိုင် အကြမ်းဖျင်းယေဘုယျအားဖြင့် သိရှိနားလည်ထားရန် လိုအပ်ပေသည်။
(က) ထုတ်လုပ်မှု စီမံခန့် ခွဲခြင်း (Production Management)
(ခ) ရောင်းဝယ်မှု စီမံခန့် ခွဲခြင်း (Marketing Management)
(ဂ) ဘဏ္ဍာရေး စီမံခန့် ခွဲခြင်း (Financial Management)
(ဃ) ဝန်ထမ်း စီမံခန့် ခွဲခြင်း (Personal Management)
ယင်းစီမံခန့်ခွဲမှု လေးရပ်သည် မည်သည့်စီးပွားရေးလုပ်ငန်းမျိုးမှာမဆို အသုံးပြုရန် လိုအပ်သည်ဖြစ်ရာ ယင်းစီမံခန့်ခွဲမှု လေးရပ်ကို မပိုင်လျှင် အောင်မြင်မှုနှင့် အလှမ်းဝေးတတ်ပေသည်။ သို့ဖြစ်ရာ စွန့်ဦးတီထွင်လုပ်ငန်းရှင် အနေဖြင့် ယင်းစီမံခန့်ခွဲမှု လေးရပ်၏ ယေဘုယျ သဘောတရားကို သိရှိနားလည်ထားရန် ကြိုးပမ်းရပေမည်။ ထို့ပင်စီမံခန့်ခွဲရာတွင် ယနေ့ရေးပန်းစာနေသည့် “6Ms”, M (6) လုံးဖြစ်သော
1.Man (လူ)
2.Money(ငွေ)
3.Material (ကုန်ကြမ်း)
4.Machinery (စက်)
5.Method (နည်းလမ်း)
6.Market (ဈေးကွက်)
တို့ကိုလည်း မည်သို့စုဆောင်းရှာဖွေ အသုံးပြုရမည်ကို သိရှိနားလည်ထားရန် လိုအပ်ပေသည်။
ယင်းအနက်တို့မှာ မည်သည့်စီးပွားရေးတွင်မဆို ပါဝင်နေသည်ဖြစ်သဖြင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်အနေနှင့် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း အကျိုးရှိရှိ မည်သို့အသုံးချမည်ကို သိရှိနားလည် ထားမှသာလျှင် စီးပွားရေးလုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွတ်နိုင်မည်ဖြစ်ပါသည်။ #ZTK