“လူမှာခြေထောက် နှစ်ချောင်းရှိပြီး ငွေမှာတော့ခြေထောက်လေးချောင်း ရှိတယ်” လို့ အဆိုရှိပါတယ်။ အဓိပ္ပါယ်ကတော့
“ငွေဟာခြေထောက် လေးချောင်းရှိတဲ့အတွက် ခြေထောက်နှစ်ချောင်းသာရှိတဲ့ လူကလိုက်ရင် ဘယ်တော့မှ လိုက်မမီဘူး မောရုံသာရှိမယ်။ ဒါပေမဲ့ ငွေကလူနောက်ကို လိုက်ပြီဆိုရင်လည်း အဲ့ဒီလူဟာ ပြေးလို့လွတ်မှာမဟုတ်ဘူး” လို့ဆိုလိုခြင်းဖြစ်ပါတယ်။
ဒီအချက်ကိုမသိတဲ့သူတွေဟာ ငွေနောက်ကိုလိုက်ရင်း တစ်သက်လုံးမောပန်းနေရပါတယ်။ ငွေနောက်ကိုလိုက်မဲ့အစား ငွေတွေကကိုယ့်နောက်ကိုလိုက်လာအောင် လုပ်တဲ့ပညာကိုသာ သိထားမယ်ဆိုလို့ရှိရင် ငွေကြေးအောင်မြင်မှုတွေ ရရှိလာမှာ မလွဲမသွေပါဘဲ။ ငွေနောက်တကောက်ကောက် လိုက်နေရတဲ့ဘဝက လွတ်မြောက်ချင်ရင်တော့ ငွေနောက်လိုက်တာကို ခဏလေးရပ်ပြီး ငွေတေကိုယ့်နောက် လိုက်လာအောင် ဘယ်လိုလုပ်မလဲ၊ ငွေကို ဘယ်လိုဘယ်ပုံနည်းနဲ့ တိုးပွားလားအောင် စေခိုင်းမလဲဆိုတာ လေ့လာဖို့လိုပါတယ်။
ငွေတွေကိုယ့်နောက်လိုက်လာဖို့ဆိုရင် ငွေတွေရှိတဲ့နေရာက ငွေတွေကိုပိုက်သွယ်ပြီး ငွေဘုံဘိုင်အဖြစ် ကိုယ့်ဆီစီးဝင်လာအောင် ငွေဝင်လမ်းကြောင်းတွေကို ဖန်တီးထားဖို့ လိုအပ်ပါတယ်။ ငွေဘုံဘိုင်အဖြစ် ဖန်တီးတည်ဆောက်ပြီး ငွေတွေစီးဝင်လာအောင် လုပ်တယ်ဆိုတာက တခြားမဟုတ်ပါဘူး။ ပိုင်ဆိုင်မှုအဖြစ် ရင်းနှီးမြှုပ်နှံမှုတွေကို တည်ဆောက်တာပဲဖြစ်ပါတယ်။ ပိုင်ဆိုင်မှုအဖြစ် ရင်းနှီးမြှုပ်နှံမှုတွေလုပ်တာဟာ ငွေတွေကိုယ့်နောက် လိုက်လာအောင် လုပ်တာပဲဖြစ်ပါတယ်။ ဒီအချက်ဟာ ငွေကြေးအောင်မြင်မှုတွေ ရရှိလာစေဖို့ အဓိက အချက်ဖြစ်ပါတယ်။
ချမ်းသာသူ သူဌေးသူကြွယ်ကြီးတွေကို ကြွယ်ဝချမ်းသာလာစေတဲ့ အကြောင်းရင်းချက်ကတော့ ပိုင်ဆိုင်မှုတွေကို ရင်းနှီးတည်ဆောက်ထားခြင်းပဲဖြစ်ပါတယ် ။ အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံတာ၊ စီးပွားရေးလုပ်ငန်းကြီးတွေမှာ ရင်းနှီးမြှုပ်နှံတာ၊ ရှယ်ယာတွေဝယ်ယူ ရင်းနှီးမြှုပ်နှံတာတွေဟာ ပိုင်ဆိုင်မှုတွေတည်ဆောက်တာပါ။ ပိုင်ဆိုင်မှုအစစ်အမှန်ဆိုတာ ကိုယ့်ဆီကိုငွေတွေဝင်ရောက်လာမှာဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ပိုင်ဆိုင်မှုတွေကို ကိုယ့်ကိုပြန်လည်အလုပ်အကျွေးပြုနေတာ ဖြစ်ပါတယ်။
အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံတာ၊ စီးပွားရေးလုပ်ငန်းကြီးတွေမှာ ရင်းနှီးမြှုပ်နှံတာ၊ ရှယ်ယာတွေဝယ်ယူ ရင်းနှီးမြှုပ်နှံတာတွေဟာ ပိုင်ဆိုင်မှုတွေတည်ဆောက်တာပါ။ ပိုင်ဆိုင်မှုအစစ်အမှန်ဆိုတာ ကိုယ့်ဆီကိုငွေတွေဝင်ရောက်လာမှာဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ပိုင်ဆိုင်မှုတွေကို ကိုယ့်ကိုပြန်လည်အလုပ်အကျွေးပြုနေတာ ဖြစ်ပါတယ်။ အောင်မြင်တဲ့ သူဌေးသူကြွယ်တိုင်းဟာ ဒီလိုငွေတွေ တိုးပွားစေတဲ့ ပိုင်ဆိုင်မှုတွေ စည်းစိမ်တွေရဖို့ ကျားကုတ်ကျားခဲ မဆုတ်မနစ်တဲ့ ဇွဲလုံ့လတွေနဲ့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။
ပိုင်ဆိုင်မှုအဖြစ် ရင်းနှီးမြှုပ်နှံမှုတွေကို တည်ဆောက်တာဟာ အပင်တစ်ပင်ကို စိုက်ပျိုးတာနဲ့တူပါတယ်။ အပင်ဟာငယ်စဉ်မှာ ကိုယ့်ရဲ့ပြုစုစောင့်ရှောက်မှုကို လိုအပ်ပေမဲ့ ကြီးထွားလာတဲ့အခါမှာ ကိုယ့်ကိုပြန်လည်စောင့်ရှောက်ပါတယ်။ ပိုင်ဆိုင်မှုဟာ စတင်ရင်းနှီးတည်ဆောက်စဉ်မှာ ပင်ပန်းသလောက် ပြန်လည်အလုပ်အကျွေးပြုပြီဆိုရင်လဲ အသီးအပွင့်ကို အေးအေးဆေးဆေး ခံစားရုံပါပဲ။ အပင်တွေများများစိုက်လေ အသီးတွေများများရလေ ဖြစ်သလို ပိုင်ဆိုင်မှုတွေ များလေလေ ငွေကြေးစီးဝင်မှုတွေ များလာလေလေပဲ ဖြစ်ပါတယ်။
ဒါကြောင့် ငွေတွေ ကိုယ့်နောက်လိုက်တာကို လိုချင်တယ်ဆိုရင် ငွေဘုံဘိုင်တွေ၊ ငွေပင်တွေကို အခုပဲ စတင်စိုက်ပျိုးလိုက်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့လစဉ်ဝင်ငွေတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ စနစ်တကျ စုဆောင်းထားပြီး ပိုင်ဆိုင်မှုအဖြစ် အသွင်ပြောင်းလို့ ငွေကိုအပွားခတ်လိုက်ရင် ဘုံဘိုင်ကငွေတွေ ဒလဟောကျလာမှာ ဖြစ်ပါတယ်။ လူကြံရင် ဘာမဆိုဖြစ်ပါတယ် ကောင်းကင်ပေါ်ပဲ ပျံမလား။ လကမ္ဘာပေါ်သွားမလား အားလုံးလုပ်နိုင်ပါတယ်။ သူဌေးသူုကြွယ်ဖြစ်ဖို့ဆိုတာ ဘာမှခဲယဉ်းတာ မဟုတ်ပါဘူး။ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ် ရမယ်ဆိုတဲ့ စကားလဲရှိသားပဲ။ ဒီလိုစိတ်ဓာတ်နဲ့ ပန်းတိုင်ကို လျှောက်လှမ်းဖို့ လိုပါတယ်။ တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲပေါ့။ ငွေကြေးအောင်မြင်မှုပန်းတိုင်ကို ခြေတစ်လှမ်းတည်းနဲ့တော့ မရောက်နိုင်ပေမဲ့ ခြေလှမ်းပေါင်းများစွာ လျှောက်လှမ်းနေမယ်ဆိုရင်တော့ သေချာပေါက် ရောက်ကိုရောက်မှာ ဖြစ်ပါတယ်။ #ZTK
Phoo Kyaw Zin (Future Wave)