စွန့်ဦးတီထွင်လုပ်ငန်းရှင်သည် မိမိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းအား စဉ်ဆက်မပြတ် သုံးသတ်အကဲဖြတ်ရာတွင် ပို၍အရေးကြီးသည်မှာ အကဲဖြတ်မှုထက်၊ အကဲဖြတ်မှုရလာဒ်အပေါ်တွင် မည်သို့ဆက်လက်ဆောင်ရွက်မည် ဆိုသည့်အချက်က ပိုမိုအရေးကြီးပေသည်။

၁။ ပိုမိုရင်းနှီးမြှုပ်​နှံခြင်းထက်​ စွမ်းအားမြှင့်​တင်​မှု ရှိ၊မရှိ သုံးသပ်​ခြင်း။ ​လှေ​မျှောလျှင်​​လှေနဲ့လိုက်​၊ ​ငွေ​မျှောလျှင်​ ​ငေ်​နဲ့လိုက်​ဆိုသည့်​ မြန်​မာစကားပုံအတိုင်း အချို့မြန်​မာ့စီးပွား​ရေးလုပ်​ငန်းရှင်​များသည်​ စီးပွား​ရေးလုပ်​ငန်း ကျဆင်းလာလျှင်​ ရင်းနှီး​ငွေများ ထပ်​မံရှာ​ဖွေစု​ဆောင်း ထည့်​ဝင်​ပြီး ​ငွေကိုပုံ​အော၍ ​ဆောင်​ရွက်​​လေ့ရှိတတ်​ကြသည်​။ အချို့​သောစီးပွား​ရေးလုပ်​ငန်းရှင်​များတွင်​ ဆုံးရှုံးမှုမှာ ရင်းနှီး​ငွေနည်းပါးမှု​ကြောင့်​ မဟုတ်​ဘဲ လုပ်​ကိုင်​သူများ၏ စွမ်းရည်​မပြည့်​ဝမှု​ကြောင့်​ ဖြစ်​တတ်​သည်​ကို သတိပြုရ​ပေမည်​။ ယ​နေ့နိုင်​ငံတကာ စီးပွား​ရေး​လောကတွင်​ နာမည်​ကြီး​နေ​သော “IBM” ((International Business Machine Company) နှင့်​ “GMC” (General Motor Corporation) တို့တွင်​ ဝန်​ထမ်းများ “ဖြုတ်​ပစ်​” (Lay-Off) ​နေခြင်းမှာ မိမိ၏ ကုမ္ပဏီလုပ်​ငန်း မ​အောင်​မြင်​မှုတွင်​ လုပ်​ကိုင်​​နေ​သော အလုပ်​သမားများ စွမ်းရည်​မပြည့်​ဝမှုသည်​ အ​ကြောင်းအချက်​တစ်​ရပ်​ ဖြစ်​သည်​ဟူ​သော ယူဆချက်​ဖြင့်​ ​ဆောင်​ရွက်​ခြင်းပင်​ဖြစ်​သည်​။ တစ်​နည်းအားဖြင့်​” ​ငွေ​ ” ကြောင့်​မဟုတ်​ဘဲ “လူ” ​ကြောင့်​ပင်​ဖြစ်​သည်​ကို သိရှိထားရမည်​။ သို့ဖြစ်​ရာ မိမိ၏ စီးပွား​ရေးလုပ်​ငန်းများ တစ်​ဖန်​ပြန်​လည်​ နလန်​ထူလာနိုင်​​စေ​ရေးအတွက်​ ဝန်​ထမ်းများ စွမ်းရည်​ပြည့်​ဝလာ​စေရန်​ ​ဆောင်​ရွက်​ရမည့်​နည်းလမ်းများကို ဘက်​စုံ​ထောင့်​စုံမှ ပြုလုပ်​ဖို့ လိုအပ်​​ပေသည်​။ ၂။ အ​ရောင်းပမာဏ မြင့်​လျက်​နှင့်​ တိုးတက်​လာခြင်း ရှိ၊မရှိ။ “Bottom Line” ဆိုသည့်​စကားမှာ အ​ရေးကြီး​သောအချက်​ ဟုအဓိပ္ပါယ်​ရ​ပေသည်​။ ယင်း​ဝေါဟာရမှာ လက်​ကျန်​ရှင်းတမ်း​မှ ဆင်းသက်​လာ​သော စကားပင်​ ဖြစ်​​လေသည်​။ ဆိုလိုသည်​မှာ ဘဏ္ဍာ​ရေးလက်​ကျန်​ရှင်းတမ်းကို ကြည့်​ရှုသူတိုင်းသည်​ “Bottom Line” ရှိ ” စုစု​ပေါင်းရရန်​ပိုင်​ခွင့်​” ကိုပထမဦးစွာ ကြည့်​ရှုတတ်​​ပေသည်​။ သို့ဖြစ်​၍ ယင်းကို “အ​ရေးကြီး​သောအချက်​” ဟု အ​မေရိကန်​တို့က သုံးနှုန်း​နေကြ​ပေသည်​။ မည်​သည့်​စီးပွားး​ရေးလုပ်​ငန်းရှင်​တိုင်းမဆို မိမိမည်​မျှချမ်းသာသည်​၊ မိမိမည်​မျှပိုင်​ဆိုင်​ထားသည်​ကို သိချင်​ကြသည်​မှာ ဓမ္မတာပင်​ဖြစ်​သည်​။ သို့ဖြစ်​၍ မိမိစီးပွား​ရေးလုပ်​ငန်း၏ “လက်​ကျန်​ရှင်းတမ်း” (Balance Sheet) တွင်​ စုစု​ပေါင်းရပိုင်​ခွင့်​ (Total Assets) ကိုပထမဦးစွာ ကြည့်​ရှုတတ်​​ပေသည်​။ စီးပွား​ရေးလုပ်​ငန်းတွင်​ ဖြစ်​​လေ့ဖြစ်​ထရှိသည်​မှာ ​ရောင်းအားမြင့်​​နေပါလျက်​နှင့်​ ပိုင်​ဆိုင်​မှုတွင်​ တိုးတက်​လာခြင်း မရှိသည့်​အ​ခြေအ​နေမျိုး ကြုံရတတ်​​ပေသည်​။ ယင်းသို့ဖြစ်​ရသည့်​ အ​ကြောင်းအရင်းမှာ တစ်​​နေရာတွင်​ ​ရောင်းရသည့်​​ငွေများ (Sales) ယိုဖိတ်​မှု၊ အလွဲသုံးစားမှု ရှိ​နေ​သော​ကြောင့်​ ရရန်​ပိုင်​ခွင့်​ တိုးတက်​သင့်​သ​လောက်​ မတိုးတက်​ခြင်းဖြစ်​သည်​။ ၃။ ရရန်​​ကြွေးမီများ အချိနိမီရရှိနိုင်​မှု ရှိ၊ မရှိ​လေ့လာသုံးသပ်​ခြင်း ရရန်​​ကြွေးမီကို အချိန်​မီ မရရှိလျှင်​ လှည့်​လည်​ရင်းနှီး​ငွေ ​လျော့နည်း​နေ​ပေမည်​။ စွန့်​ဦးတီထွင်​လုပ်​ငန်းရှင်​ဆိုသည်​မှာ “​ပေးရန်​ရှိသည်​များကို​ပေး၊ ရရန်​ရှိသည်​များကို ရရှိ​အောင်​ လုပ်​တတ်​​သောသူ” ဟုအဓိပ္ပါယ်​ဖွင့်​ဆိုထားချက်​ရှိ​သည်​။ သို့ဖြစ်ရာ စွန့်​ဦးတီထွင်​လုပ်​ငန်းရှင်​သည်​ မိမိရရန်​ရှိသည်​များကို မိမိ၏ “မြီးစားများ” (Debtors) ထံမှ စာရင်းဇယားအ​ထောက်​အထားများနှင့်​တကွ အပြည့်​အဝ ရရှိ​အောင်​ ​တောင်းခံနိုင်​မှသာလျှင်​​ကြွေးဆုံးခြင်း (Bad Debts) မှ လွတ်​​မြောက်​နိုင်​မည်​ဖြစ်​ပြီး ​ငွေပင်​​ငွေရင်း ​လျော့နည်းခြင်းမှ ကင်းလွတ်​နိုင်​မည်​ဖြစ်​သည် ကိုသတိပြုရ​ပေမည်​။ ၄။ ကုန်​ပစ္စည်းများအား စီမံခန့်ခွဲခြင်း ရှိ၊မရှိ​လေ့လာသုံးသပ်​ခြင်း ကုန်​ပစ္စည်းတစ်​ခုသည်​ မည်​မျှတန်​ဖိုးကြီး​စေကာမူ သတ်​မှတ်​ကန့်​သတ်​ထားသည့်​ အချိန်​အတိုင်းအတာအတွင်း ​မ​ရောင်းရလျှင်​ ယင်းကုန်​ပစ္စည်းသည်​ သုည (Zero) တန်​ဖိုးသို့​ရောက်​သွားတတ်​သည်​ကို သတိပြုရ​ပေမည်​။ ဥပမာ- ခရစ်​စမတ်​ပွဲ​တော်​နှင့်​ သက်​ဆိုင်​သည့်​ ကုန်​ပစ္စည်းများကို ပွဲ​တော်​ရက်​မတိုင်​မီ ​ရောင်းချနိုင်​မှသာလျှင်​ ထိုက်​သင့်​သည့်​ တန်​ဖိုးရရှိနိုင်​​ပေမည်​။ ယင်းကာလ​ကျော်​လွန်​သွားပါက ရက်​လွန်​ကုန်​ကျန်​ဘဝသို့ ​ရောက်​ရှိသွားတတ်​​ပေသည်​။ “ကုန်​ပစ္စည်း”သည်​”​ငွေ” ဖြစ်​သည်​။ ကုန်​ပစ္စည်းများမ​ရောင်းရလျှင်​ “​ငွေ”မရတာနှင့်​တူသည်​။ မိမိကုန်​ပစ္စည်းအတွက်​ ရသင့်​ရထိုက်​သည့်​ အမြတ်​​ငွေရရှိ​အောင်​ အရင်​ဝင်​၊ အရင်​ထွက်​စနစ်​(FIFO) (First In First Out) သို့မဟုတ်​ ​နောက်​ဝင်​ အရင်​ထွက်​စနစ်​ (Last In First Out) တို့ကို ကိန်းဂဏန်းဖြင့်​ ချတွက်​လျက်​ အချိန်​အခါမီ ​ဆောင်​ရွက်​တတ်​မှသာလျှင်​ စီးပွား​ရေးလုပ်​ငန်းရှင်​ အ​နေဖြင့်​ ကုန်​ပစ္စည်းဆိုင်​ရာ စီမံခန့်ခွဲမှုကို စနစ်​တကျ ​ဆောင်​ရွက်​နိုင်​မည်​ဖြစ်​​ပေသည်​။ ၅။ ဘဏ္ဍာ​ရေးရှင်း​တမ်း ကွာဟချက်​များနှင့်​ ​ရေးဆွဲမှု ညံ့ဖျင်းခြင်းရှိမရှိ သုံးသပ်​ခြင်းစွန့်​ဦးတီထွင်​လုပ်​ငန်းရှင်​အ​နေဖြင့်​ မိမိလုပ်​ငန်းအတွက်​ ဘဏ္ဍာ​ရေးစာရင်းဇယားများ ​ရေးဆွဲသည့်​အခါတိုင်း ရသုံးခန့်​မှန်း​ချေ စာရင်း (Budget) ကို ​ရေးဆွဲထားတတ်​ရ​ပေမည်​။ လစဉ်​ဘဏ္ဍာ​ရေးရှင်းတမ်းများကို ပြန်​လည်​စီစစ်​ရာတွင်​ ခန့်​မှန်း​ခြေစာရင်းနှင့်​ အမှန်​တကယ်​ (Budget and Actual) ကိုက်​ညီမှုရှိ၊မရှိ နှင့်​ ကွာဟမှုရှိလျှင်​လည်း ရာခိုင်​နှုန်း မည်​မျှကွာဟသည်​ကို တွက်​ချက်​ထားတတ်​ရ​ပေမည်​။ လက်​ခံနိုင်​သည့်​ “ကွာဟချက်​ရာခိုင်​နှုန်း” (Acceptable Percentage of Variance) ကိုလုပ်​ငန်းအလိုက်​ သတ်​မှတ်​​ပေးထားရန်​လိုအပ်​ပြီး အကယ်​၍ သတ်​မှတ်​ချက်​ထက်​ ပိုလာလျှင်​ ​ဆောင်​ရွက်​မည့်​ အစီအမံများကိုလည်း ချမှတ်​ထားရန်​ လိုအပ်​​ပေသည်​။ သို့မှသာ စီးပွား​ရေးလုပ်​ငန်းရှင်​ အ​နေဖြင့်​ ခန့်​မှန်းထားသည်​ထက်​ ပိုမိုသုံးစွဲထား​သော ကုန်​ကျစရိတ်​များကို ပြင်​ဆင်​ခြင်း ၊ အ​ရေးယူ​ဆောင်​ရွတ်​ခြင်းကို ပြုလုပ်​နိုင်​မည်​ဖြစ်​ပြီး ​နောင်​ဘဏ္ဍာ​ရေးကာလများတွင်​ အလားတူ ဖြစ်​ရပ်​မျိုးမဖြစ်​​အောင်​ ထိန်းသိမ်းခြင်းဖြင့်​ မိမိစီးပွား​ရေးလုပ်​ငန်း၏ ဘဏ္ဍာ​ရေးအ​ခြေအ​နေကို စနစ်​တကျ စီမံနိုင်​​ပေမည်​။ #ZTK

Leave a Reply

Your email address will not be published. Required fields are marked *