စတော့အညွှန်း ကိန်းကျဆင်းမှုသည် ၃ပါတ်ဆက်တိုက်ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် ရပ်တန့်ခဲ့ကာ တစ်နှစ်အတွင်း အရောင်းအဝယ် အများဆုံးဖြစ်ခဲ့သည်။
ယခင်သီတင်းပတ် အရောင်းအဝယ်ထက် ၆၅ ရာခိုင်နှုန်းကျော် ပိုများခဲ့ပြီး ယခုသီတင်းပတ်တွင် ရှယ်ယာအစု ၇၈,၀၀၀ ကျော်၊ တန်ဖိုးကျပ်သန်း ၃၆၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး စတော့အညွှန်းကိန်း အမြင့်ဆုံး ၄၆၆ ဒသမ၂၅ ရှိခဲ့သော်လည်း သောကြာနေ့တွင် ၄၅၂ ဒသမ ၈ ဖြင့် ဈေးပိတ်ခဲ့သည်။
စတော့အညွှန်းကိန်းမှာ ၂၀၁၈ ခုနှစ် ဈေးကွက်အဖွင့်တွင် ၄၆၃ ဒသမ ၈၁၊ အမြင့်ဆုံး ၄၇၃ ဒသမ ၅၈ နှင့် ယခုသီတင်းပတ်တွင် ၄၄၇ ဒသမ ၅၉ ဖြင့် အနိမ့်ဆုံး ရောက်ခဲ့သည်။
FMI ရှယ်ယာ
အရောင်းအဝယ် ဆက်လက်မြင့်တက်နေပြီး သီတင်းလေးပတ်တွင် အရောင်းအဝယ်အများဆုံး သီတင်းပတ် ဖြစ်ခဲ့သည်။
ယခုသီတင်းပတ်တွင် ရှယ်ယာအစု ၉၀၀၀ နီးပါး၊ တန်ဖိုးကျပ်သန်း ၁၀၀ ကျော် အရောင်းအဝယ်ရှိခဲ့ပြီး အဖွင့်ဈေး ၁၂,၀၀၀ ကျပ်၊ အမြင့်ဆုံး ၁၂,၅၀၀ ကျပ်၊ အနိမ့်ဆုံး ၁၂,၀၀၀ ကျပ်နှင့် သောကြာနေ့တွင် ၁၂,၀၀၀ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။
MTSH ရှယ်ယာ
ငါးလအတွင်း အရောင်းအဝယ် အများဆုံးသီတင်းပတ်ဖြစ်ခဲ့သလို ရှယ်ယာဈေးမှာသမိုင်းတစ်လျှောက် အနိမ့်ဆုံးသို့ ထိုးဆင်းခဲ့ရာ သီတင်းလေးပတ်ဆက်တိုက် ဈေးကျဆင်းနေခြင်းဖြစ်သည်။
ယခုသီတင်းပတ်တွင် ရှယ်ယာအစု ၆၇,၀၀၀ ခန့်၊ တန်ဖိုးကျပ်သန်း ၁၉၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အဖွင့်ဈေး ၂၈၅၀ ကျပ်၊အမြင့်ဆုံး၂၈၅၀ကျပ်၊ အနိမ့် ဆုံး၂၇၅၀ ကျပ်နှင့် သောကြာနေ့တွင် ၂၇၅၀ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။
ယမန်နှစ် နိုဝင်ဘာ ၁ ရက်နေ့တွင် ရှယ်ယာဈေး ၃၃၀၀ ကျပ်ရှိရာမှ သုံးလ အတွင်း ရှယ်ယာဈေး ၅၅၀ ကျပ် (၁၇ ရာခိုင်နှုန်းခန့်) ကျဆင်းခဲ့သည်။
MCB ရှယ်ယာ
နှစ်ပတ်ဆက်တိုက် အရောင်းအဝယ်ရှိခဲ့သော်လည်း ယခုသီတင်းပတ်တွင် အရောင်းအဝယ်ထိုးကျခဲ့ပြီး အရောင်းအဝယ်ပြုလုပ်သည့် ၁၀ ကြိမ်တွင် ၁ ကြိမ် သာ အရောင်းအဝယ်ရှိခဲ့သည်။
ယခုသီတင်းပတ်တွင် ရှယ်ယာအစု ၃၀ ကိုတစ်စု ၈၀၀၀ ကျပ်ဖြင့် နှစ်သိန်းလေး သောင်းကျပ်ဖိုးသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်အတွက် အရောင်းအဝယ် ပမာဏအနည်းဆုံးဖြစ်သည်။
ယခုနှစ်တွင် အရောင်းအဝယ် ၁၃ ရက်ရှိသည့်အနက် ခြောက်ရက်သာ အရောင်းအဝယ်ဖြစ်ခဲ့သည်။
FPB ရှယ်ယာ
ယခုသီတင်းပတ်တွင်လည်း အရောင်း အဝယ် ဆက်လက်မြင့်တက်ခဲ့ပြီး သီတင်း ငါးပတ်အတွင်း အရောင်းအဝယ်အများဆုံး ဖြစ်ခဲ့သည်။
ယခုသီတင်းပတ်တွင် ရှယ်ယာ ၂၄၀၅ စု၊ တန်ဖိုးကျပ်သန်း ၆၀ ကျော် အရောင်းအဝယ်ရှိခဲ့ပြီးအဖွင့်ဈေး ၂၆,၅၀၀ ကျပ်၊ အမြင့်ဆုံး ၂၇,၀၀၀ ကျပ်၊ အနိမ့်ဆုံး ၂၆,၅၀၀ ကျပ်နှင့် သောကြာနေ့တွင် ၂၆,၅၀၀ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။
Reference: The Voice