ငွေကြေးခဝါချခြင်းဆိုတာကတော့ တရားဥပဒေနဲ့မညီတဲ့ နည်းလမ်းမျိုးစုံနဲ့ရရှိထားသော ငွေကြေးဇစ်မြစ်အမှန်ကို ဖုံးကွယ်ပြီး တရားဝင်ဖြစ်အောင် ငွေကြေး(သို့မဟုတ်) ပစ္စည်းတွေကို အသွင်ပြောင်းလဲထားတဲ့ အခြေအနေအားလုံးကို ငွေကြေးခဝါချခြင်းလို့ သတ်မှတ်ပါတယ်။

ငွေကြေးခဝါချမှု တိုက်ဖျက်ရေးကို နိုင်ငံတကာမှာလဲ အဓိကထား လုပ်ဆောင်နေကြပါတယ်။ ငွေကြေးခဝါချခြင်းဆိုတဲ့ အဓိပ္ပါယ်က အရမ်းကိုလေးနက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ငွေမည်းကိုငွေဖြူ အဖြစ် အသွင်ပြောင်းလိုက်တဲ့အခါမှာ နိုင်ငံတစ်ခုရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍတွေ အကုန်လုံးမှာ ကမောက်ကမတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ငွေကြေးခဝါချခြင်းကို နိုင်ကံတကာက လက်မခံနိုင်ဘဲ တိုက်ဖျက်သင့်တဲ့အရာလို့ မြင်ပါတယ်။ ငွေကြေးခဝါချမှုတိုက်ဖျက်ခြင်းနဲ့ မြန်မာနိုင်ငံ မြန်မာနိုင်ငံမှာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအတွက် ၂၀၀၂ခုနှစ်မှာ ဥပဒေထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို ဥပဒေထုတ်ပြန်ခဲ့တဲ့ အချိန်ကတည်းက စတင်လုပ်ဆောင်ခဲ့ပါတယ်။ [Financial Action Task Force (FATF) ရဲ့ လက်အောက်မှာရှိတဲ့ Asia Pacific Group ကို ၁၉၉၇ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ စတင်ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံသည် APG အဖွဲ့ဝင် နိုင်ငံအဖြစ် ၂၀၀၆ ခုနှစ် မတ်လ ၉ရက်နေ့တွင် အဖွဲ့ဝင် နိုင်ငံအဖြစ် ဝင်ရောက်ခဲ့သည်။] APG အဖွဲ့ဝင်မဖြစ်ခင်က မြန်မာနိုင်ငံကို Non- Cooperative Countries and Territories (NCCT) ပူးပေါင်းပါဝင်ခြင်းမရှိသော နိုင်ငံအဖြစ် သတ်မှတ်ထားခဲ့ပြီး ၂၀၀၆ ခုနှစ် အရောက်မှာတော့ NCCT နိုင်ငံအဖြစ်မှ ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။ ငွေကြေးခဝါချခြင်းနဲ့ဘဏ်လုပ်ငန်း ငွေကြေးခဝါချမှုကို ပြုလုက်တဲ့လူတွေက ဘဏ်တွေကိုအဓိကထားပြီး လှုပ်ရှားကြတယ်။ ဘဏ်တစ်ခုမှာငွေစာရင်းဖွင့်လိုက်ပြီးတဲ့ အချိန်ကစပြီးတော့ ငွေကြေးခဝါချခြင်းကို ပြုလုပ်နိုင်တယ်လို့ သတ်မှတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရားမဝင်ရရှိတဲ့ငွေကြေး (ငွေမည်း) တွေကို တရားဝင်ငွေကြေး (ငွေဖြူ ) အဖြစ်အသွင်ပြောင်းတဲ့နေရာမှာ ဘဏ်တွေကိုအဓိကထားလုပ်ဆောင်ခြင်းဟာ အလွယ်ကူဆုံးနည်းလမ်းပဲဖြစ်တယ်။ အဲဒီအတွက်ကြောင့် ဘဏ်လုပ်ငန်းဟာ ငွေရေးကြေးရေးဆိုင်ရာ ကိစ္စတွေမှာအရေးကြီးတဲ့ လုက်ငန်းတစ်ခုဖြစ်ပါတယ်။ ဘဏ်မှာ customer တစ်ယောက်က ငွေစာရင်းစဖွင့်ပြီ ဆိုကတည်းက ဘဏ်ဝန်ထမ်းတွေအနေနဲ့ Customer တွေရဲ့အကြောင်းကို သိသင့်တယ်လို့ထင်တယ်။ Customer တွေရဲ့ အချက်အလက် Information တွေကို အမြဲတမ်း Update ဖြစ်အောင် လုပ်ထားနိုင်ရမယ်။ နောက်တစ်ခုက Customer Due Diligence ( CDD) ကို ဘဏ်တွေအနေနဲ့ အမြဲတမ်း အကဲဖြတ်လော့နိုင်ရမယ်။ သတ်မှတ်ငွေကြေးထက်ပိုပြီး လာရောကွအပ်နှံရင် သတင်းပို့ရမယ့်ကိစ္စ၊ နောက်သံသယဖြစ်ဖွယ် စာရင်းတွေကို အချိန်နှင့်တပြေးညီ သတင်းပို့ပေးရမယ်။ ငွေကြေးဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့တွေက လာရောက်စစ်ဆေးတဲ့အခါ ဘဏ်တွေအနေနဲ့ ပူးပေါင်းပါဝင်လုပ်ဆောင်ရမယ်။ ပူးပေါင်းပါဝင်လုပ်ဆောင်ရမယ်ဆိုတဲ့ကိစ္စတွေကတော့ သူတို့တောင်းဆိုတဲ့အချက်အလက်တွေကို ဘဏ်တွေအနေနဲ့ ထုတ်ပြနိုင်ရမယ်။ သတင်းပို့တယ်ဆိုတဲ့နေရာမှာ ဘဏ်တွေအနေနဲ့ FIU ဆိုတဲ့ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ကို တိုက်ရိုက်သတင်းပေးပို့ရမှာဖြစ်တယ်။ ငွေကြေးခဝါချခြင်းဟာ တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်လို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်ရှိသလို ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ဘဏ်တွေအားလုံး ညီညီညွတ်ညွတ်ပါဝင်ဖို့လိုပါတယ်။ ဘဏ်တွေက လိုက်နာဆောင်ရွက်ခြင်း မရှိဘူးဆိုရင် လုပ်ဆောင်နေတဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေက အောင်မြင်မှာမဟုတ်ပါဘူး ။ ဘဏ်တွေအနေနဲ့ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ရဲ့ ညွန်ကြားချက်တွေ၊ ဗဟိုဘဏ်ရဲ့ညွန်ကြားချက်တွေကို တိတိကျကျလိုက်နာဆောင်ရွက်နိုင်ရမယ်။ နောက်တစ်ခုက မိမိဘဏ်မှ ဘဏ်ဝန်ထမ်းတွေကို ငွေကြေးခဝါချခြင်းရဲ့ အဓိပ္ပါယ်ကို၊ ငွေကြေးခဝါချခြင်းကြောင့် နိုင်ငံအတွက်ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို သိရှိနားလည်အောင် ငွေကြေးခဝါချမှုနဲ့ ပက်သက်တဲ့သင်တန်းတွေ စဉ်ဆက်မပြတ်ပေးဖို့လိုတယ်။ ဘဏ်တွေက ငွေကြေးခဝါချခြင်းဌာန Senior Officer (အကြီးတန်းအရာရှိ)တွေအနေနဲ့ ဗဟိုဘဏ်က မကြာခဏ ပို့ချပေးနေတဲ့ Seminar တွေ၊ Workshop တွေက ပို့ချချက်တွေကို နားလည်အောင် Training လုပ်ရမယ်။ ကိုယ်နားလည်မှ ကိုယ့်ဘဏ်ကဝန်ထမ်းတွေကို ပြန်ပြီးရှင်းပြနိုင်မယ်။ Training တွေလည်းပြန်ပေးနိုင်မယ်။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်မှာ ဘဏ်လုပ်ငန်းနဲ့ ဘဏ်ဝန်ထမ်းတွေက အဓိကနေရာကနေ ပါဝင်နေရတယ်။ ဒါကြောင့် ဘဏ်ဝန်ထမ်းတွေအနေနဲ့လည်း ဘဏ်လုပ်ငန်းတစ်ခုတည်းကိုပဲ အေးအေးဆေးဆေးမလုပ်စေချင်ဘူး။ ဂရုတစိုက်နဲ့ Customer တွေအပေါ်မှာသတိထား စောင့်ကြည့်ရမယ်။ ဥပဒေအတိုင်း တိတိကျကျ အရေးယူ ဆောင်ရွက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်က အောင်မြင်လာပါလိမ့်မယ်။ ZTK

Leave a Reply

Your email address will not be published. Required fields are marked *