“An Investment in knowledge pays the best interest” Benjamin Franklin
ဒါကတော့ အမေရိကန်ပြည်ထောင်စုရဲ့ တည်ထောင်သူဖခင်ကြီးများထဲမှ Benjamin Franklin ပြောခဲ့တဲ့စကားလေးပါ။ သူ့ရုပ်ပုံကို အမေရိကန်ဒေါ်လာ(၁၀၀)တန်ပေါ်မှာ ကျွန်တော်တို့ မြင်ဖူးနေကြဖြစ်မှာပါ။ ဆောင်ပုဒ်ကလေးကိုတော့ မူရင်းအတိုင်း စာဖတ်ပရိသတ်တွေ ဖတ်နိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။ အဲဒီဆောင်ပုဒ်အတွက် ကျွန်တော်နားလည်တာက တော့ `ရင်းနှီးမြှုပ်နှံမှုတစ်ခုကို ပြုလုပ်တော့မယ်ဆိုရင် သင့်ကိုသင် အရင်ဆုံး သင်ပြုလုပ်မည့် ရင်းနှီးမြှုပ်နှံမှုအကြောင်း နားလည်အောင်ကြိုးစားသင့်ပါတယ်။ ဘယ်ရင်းနှီးမြှုပ်နှံ မှုကိုမှ ဆုံးဖြတ်ချက်မချခင် လိုအပ်တဲ့စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်ပါ၊ လေ့လာပါ၊ စီစစ်ပါ´ဟူ ၍ဖြစ်ပါသည်။
ဒီတော့ Benjamin ပြောခဲ့တဲ့စကားကို ထောက်ခံတဲ့အနေနဲ့ရော၊ စာဖတ်သူများကို တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှု (Value Investing) အကြောင်းတွေကို ဗဟုသုတများ မျှဝေလိုတဲ့အနေနဲ့ရော၊ ယခုပထမလမှစတင်ပြီး ရင်းနှီးမြှုပ်နှံမှုကဏ္ဍနဲ့ပတ်သက်တဲ့ လိုအပ်တဲ့ အခြေခံသဘောတရားတွေ၊ အကြောင်းအချက်အလက်တွေကို ရေးသားတင်ပြသွားမှာဖြစ်ပါတယ်။ ကျွန်တော်ပြောမည့်အချက်အလက်တွေဟာဆိုရင် Value Investing ရဲ့ ဖခင် ကြီးဖြစ်တဲ့ Benjamin Graham ရဲ့ စာအုပ် ‘Intelligent Investor’ ထဲက သဘောတရားတွေကို အဓိကအမှီပြု ရေးသားထားပါတယ်။
ရည်ရွယ်ချက်ကတော့ ရင်းနှီးမြှုပ်နှံမှုမူဝါဒ (Investment Policy) ကို လူတန်းစားမရွေး သိရှိမှတ်သားနိုင်ပြီး အကောင်အထည်ဖော်နိုင်ဖို့ပဲဖြစ်ပါတယ်။ ဒီမှာ `ရင်းနှီးမြှုပ်နှံမှု´ဆိုတာ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုပုံစံလို အိမ်၊ ကားတွေမှာ ရင်းနှီးပုံမျိုးမဟုတ်ပါဘူး။ ငွေချေးသက်သေခံလက်မှတ်များ (Securities) လို့ခေါ်တဲ့ Stock တွေ၊ Bond တွေရဲ့ ရင်းနှီးမြှုပ်နှံမှုပဲဖြစ်ပါတယ်။ ဒါမျိုးတွေဟာ မြန်မာနိုင်ငံမှာ မဖြစ်ထွန်းသေးဘူး၊ မရှိသေးဘူး။ မှန်ပါတယ်။ သို့ပေသည့် အခြေခံသဘောတရားများဟာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည့်အလျှောက် ရင်းနှီးမြှုပ်နှံမှု အခြေခံသဘောတရားများကို လေ့လာခြင်းဖြင့် မိမိတို့နှင့်ထိုက်တန်သော (လက်တွေ့အတွေ့အကြုံများ၊ ဗဟုသုတများနဲ့ ပေါင်းစပ်ပြီး) အကျိုးကျေးဇူး တစ်စုံတစ်ရာ ရရှိမည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။
ဒီစာရေးတဲ့တစ်လျှောက်လုံးမှာ အဓိကထားတင်ပြသွားမှာက အပိုင်း(၂)ပိုင်းပါ။ (၁) ရင်းနှီးမြှုပ်နှံမှု အခြေခံသဘောတရားတွေ(Investment Principles)နဲ့ ရင်းနှီးမြှုပ်နှံသူတို့ရဲ့ သဘောထား(Investors’ attitude) တို့ပဲဖြစ်ပါတယ်။ ထိုသည်များ ထက်စာရင် နည်းပညာပိုင်းဆိုင်ရာတွေဖြစ်တဲ့ ငွေချေးသက်သေခံလက်မှတ်များ စီစစ်ခြင်း (techniques of analyzing securities) အပိုင်းတွေကို အနည်းငယ်သာ ပြောကြားသွားမှာ ဖြစ်ပါတယ်။

Securities တွေ (Stock+Bond) မှာလိမ္မာပါးနပ်စွာရင်းနှီးမြှုပ်နှံချင်တယ်ဆိုရင်တော့ ရင်းနှီးမြှုပ်နှံမည့် သူတစ်ယောက်ဟာ Bond တွေ Stockတွေ ဘယ်အခြေအနေမျိုးမှာဘယ်လိုပြုမူတတ်ကြတယ် ဆိုတာကိုသိနားလည်ထားဖို့ လိုအပ်ပါတယ်။ ဘယ်ထွက်ဆိုချက်ကမှ Santayana ရဲ့ ထင်ရှားတဲ့ သတိပေးချက်လောက် Wall Street (အမေရိကန်ဘဏ္ဍာရေးလုပ်ငန်းကြီးများအများအပြားတည်ရှိရာနေရာ)လိုနေရာမျိုးနဲ့ ကိုက်ညီမှာမဟုတ်ပါဘူး။ သူပြောထားတာက “Those Who do not remember the past are condemned to repeat it.” “အတိတ်ကိုသတိမမူမိခဲ့သောသူဟာထိုအတိတ်ကို ပြန်သွားဖို့ မခဲယဉ်းပါဘူး” ဒါကြောင့် ယခုလက်ရှိမှာအမှားများမလုပ်မိစေဖို့ အတိတ်ကအကြောင်းအရာတွေ (သမိုင်းတွေ) ကို ကျွန်တော်တို့ လေ့လာနေရတာပါ။ ကျွန်တော့်ရဲ့ ဖော်ပြချက်များ၊ ရေးသားချက်များဟာရင်းနှီးမြှုပ်နှံသူများ (Investors) ကိုသာဦးတည်ခြင်းဖြစ်ပြီးဈေးကစားသူများ (Speculators) နဲ့ မရောထွေးစေလိုပါ။ နောက်ပြီးယခုရေးသားချက်များဟာဆိုရင်လည်း “ ဒေါ်လာသန်းချီရအောင် ဘယ်လိုရှာရမလဲ” ဆိုတဲ့ ခေါင်းစဉ်အောက်ကစာသားများလည်းမဟုတ်ပါဘူး။ စာဖတ် သူများလည်းသဘောပေါက်နားလည်ကြမှာပါ။ Wall Street မှာပဲဖြစ်ဖြစ်၊ ကမ္ဘာမြေကြီးရဲ့ ဘယ်အရပ်ဒေသမှာပဲ ဖြစ်ဖြစ်၊ ချမ်းသာစေဖို့အတွက် ပုံသေသတ်မှတ်ထားတဲ့၊ အတိအကျလမ်းညွှန်ထားတဲ့ နည်းလမ်းနဲ့ လမ်းကြောင်းဆိုတာမရှိပါဘူး။ ဥပမာပြရမယ်ဆိုရင်-၁၉၂၉ခုနှစ်မှာ John J. Raskobလို့ခေါ်တဲ့ နိုင်ငံတစ်ဝန်းလုံးရော၊ Wall Street မှာပါ ကျော်ကြားတဲ့သူတစ်ယောက်ဟာအရင်းရှင်စနစ်ရဲ့ သာလွန်ကောင်းမွန်မှုတွေကို Ladies’ Home Journalမှာ “Everyboby Ought to Be Rich” ဆိုတဲ့ခေါင်းစဉ်နဲ့ ချီးကျူးထောမနာပြုခဲ့ပါတယ်။ သူ့စာတမ်းမှာဖော်ပြထားတာက “ လူတစ်ယောက်ဟာတစ်လ 15$ စုဆောင်းသည်ဆိုပါစို့။ နှစ်(၂၀)တွင်$ 3600 ရပါမည်။ ဒါပေမယ့် ထို 16$ ကိုကောင်းမွန်တဲ့ (Common Stock) တွေမှာလစဉ်မြှုပ်နှံမယ်။ ထိုထဲကမှ ရတဲ့ အမြတ်ဝေစု (Dividend ) တွေကိုလည်းထပ်မံမြှုပ်နှံမယ်ဆိုရင် နှစ်(၂၀)မှာ $80,000 ရပါလိမ့်မယ်” လို့ပြောထားပါတယ်။ရိုးရိုးစုပြီး $ 3,600 ရတာထက်စာရင်ပေါ့။ အကယ်၍ ထို General Motor (အမေရိကန် ကားကုမ္ပဏီ) အကြီးအကဲရဲ့စကားသာမှန်ခဲ့မယ်ဆိုရင် ဒီလမ်းဟာချမ်းသာဖို့သွားတဲ့ လမ်းဖြစ်ရမှာပေါ့။ သူဘယ် လောက်ထိမှန်ခဲ့လဲ….? သူ့စာတမ်းဘယ်လောက်ထိလက်တွေ့နဲ့ နီးစပ်ခဲ့သလဲ… ? Graham တို့ရဲ့ အကြမ်းဖျင်းတွက်ချက်မှုအရအကယ်၍ Raskobရဲ့ နည်းလမ်း (၁၉၂၉ – ၁၉၄၈ အတွင်း) ကိုရင်းနှီးမြှုပ်နှံသူတယောက်ကလိုက်နာခဲ့မယ်ဆိုရင် ထိုရင်းနှီးမြှုပ်နှံသူ (Investor) ရဲ့ ၁၉၄၉ အစပိုင်းမှာရှိရမည့် စုစုပေါင်းပိုင်ဆိုင်မှုဟာ $ 8,500 တန်ကြေးရှိပါမယ်။ ဒါဟာ Dow Jones Industrial Average (DJIA) မှာရှိတဲ့ Stock အခု (၃၀)ပေါ်မှာရင်းနှီးမြှုပ်နှံမယ်လို့ယူဆပြီးတွက်ချက်ထားတာပါ။ (DJIA သည် အမေရိကမှာရှိတဲ့ ထင်ရှားသော Stock ၃၀ ကိုပေါင်းပြီးအညွှန်းကိန်းတစ်ခုအဖြစ်ဖော်ပြသော Index တစ်ခုဖြစ်ပါသည်။)ဒီတန်ဖိုးဟာRaskobကတိပေးခဲ့တဲ့ $ 80,000 ထက်စာရင် အများကြီးကွာဟမှုရှိနေတာကိုတွေ့ရပါလိမ့်မယ်။

ကျွန်တော့်ရဲ့ ရေးသားဖော်ပြချက်များဟာဈေးကစားသူများ (Speculators)အတွက်ဦးတည်ရေးသားထားခြင်းမဟုတ်ဟုဆိုသော်လည်း ၎င်းမှာဈေးကွက်အတွင်း ၀င်ရောက် အရောင်းအ၀ယ်ပြုလုပ်နေကြသောသူများအားလုံးကိုဆိုလိုခြင်းမဟုတ်ပါ။ Trader အများစုဟာဘယ်အချိန်မှာရောင်းဖို့၊၀ယ်ဖို့ အချိန်မှန်ဖြစ်တယ်ဆိုတာကို သိရှိဖို့ Chart များနှင့် တခြားစက်များကို အသုံးပြုကြပါတယ်။ နောက်တစ်နည်းဆိုရင်တော့ “ စက်များ၊ နည်းပညာများရဲ့ အကူအညီ” နဲ့ ဘယ်အချိန် မှာ၊ နည်းပညာများရဲ့အကူအညီ” နဲ့ ဘယ်အချိန်မှာဈေးတက်မယ်၊ ဈေးကျမယ်ခန့်မှန်းပြီးဈေးတက်မည့် အချိန်မှာ ၀ယ်ယူ၍ ဈေးကျနိုင်တဲ့ အချိန်မှာရောင်းချခြင်းကို ပြုလုပ်ကြခြင်းဖြစ်ပါတယ်။ ယခုလိုအပြုအမူဟာယုတ္တိတန်တဲ့ စီးပွားရေးအသိုက်အ၀န်း (Sound Business Sense) နဲ့ ဆန့်ကျင်နေသလို Wall Street လိုနေရာမျိုးမှာအောင်မြင်မှု ကာလကြာမြင့်စွာရရှိနိုင်ဖို့ကိုလည်းအာမခံချက်မပေးပါဘူး။ Graham တို့ရဲ့ နှစ်(၅၀) Stock Market အတွေ့အကြုံနဲ့ တွေ့ရှိချက်တွေအရတော့ အထက်ကပြောခဲ့သလို“ဈေးကွက်နောက်ပဲလိုက်နေပြီး” (Following the Market) ကြာရှည်စွာအောင်မြင်တဲ့ ပုဂ္ဂိုလ်၊ ကြာရှည်တည်တံ့စွာပိုက်ဆံရနေတဲ့ ပုဂ္ဂိုလ်မျိုးမတွေ့ဖူးသေးပါဘူး။ ဒါကြောင့် ဈေးကွက်နောက်လိုက်ခြင်း (Following the Market) နည်းဟာကျော်ကြားသလောက် လုံးဝအသုံးမ၀င်ဘူးဆိုတာ ရဲရဲကြီးပြောရဲပါတယ်။(“ဈေးကွက်နောက်လိုက်ခြင်း” ဆိုတာကုမ္ပဏီရဲ့ အခြေခံကျတဲ့ အားသာချက်၊ အားနည်းချက်တွေကိုလေ့လာသုံးသပ်ရမည့်အစား၊ ဈေးကွက် ပေါက်ဈေးပေါ်မူတည်ပြီးသုံးသပ်ချက်တွေ ပြုလုပ်ခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။) ကျွန်တော်ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲယခုဒီအခန်းဆက်ဆောင်းပါးဟာ Graham ရဲ့စာအုပ်ကိုအဓိကကျောထောက်နောက်ခံလုပ်ထားခြင်း ဖြစ်တဲ့အတွက် အချိန်ကာလအားဖြင့် ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀)ကျော်ကသီအိုရီတွေလို့ ပြောနိုင်ပါတယ်။ဥပမာပေးတဲ့အပိုင်းတွေဆိုရင်လည်း၁၉၃၀ ကျော်ကာလတစ်ဝိုက်က ဥပမာတွေဖြစ်နေပါလိမ့်မယ်။ ဒီနေရာစာဖတ်သူများတစ်ခုသိထားရမှာကတန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှု (Value Investing) ရဲ့ အခြေခံသဘောတရားတွေ (Principles) ဟာ နှစ်တွေကြာသွားလည်းပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ဒါပေမယ့်လက်တွေ့ဒီအခြေခံသဘောတရားတွေကိုအသုံးချရာမှာတော့ ငွေရေးကြေးရေးကဏ္ဍနဲ့ ဈေးကွက်ရဲ့ အပြောင်းအလဲများပေါ်မူတည်ပြီးလိုက်လျောညီထွေမှုမရှိအောင်တော့ ပြုလုပ်ရတတ်ရပါမယ်။ဒီအဖိုးတန်သောရင်းနှီးမြှုပ်နှံမှု (Value Investing) အကြောင်းကိုလေ့လာခြင်းဖြင့် စာဖတ်သူများသည် ရင်းနှီးမြှုပ်နှံဖို့ တစ်ခုထဲအတွက်သာဗဟုသုတရစေမှာမဟုတ်ပဲအခြေအနေအရပ်ရပ်ကိုအကဲဖြတ်တတ်မှု၊ဆုံးဖြတ်ချက်မှန်ကန်စွာချမှတ်နိုင်မှု၊ကိစ္စတစ်ခု(သို့) အကြောင်းအရာတစ်ရပ်အပေါ်ကောင်းမွန်စွာတုန့်ပြန်နိုင်မှုစသောဆင့်ပွားအကျိုးကျေးဇူးများလည်းရရှိလမ့်မယ်လို့ယုံကြည်ပါတယ်။မြန်မာပြည်မှာအရင်းအနှီးဈေးကွက် (Capital Market) အမှန်တကယ် ပေါ်ပေါက်လာခဲ့မယ်ဆိုရင်တော့လည်းယခုတင်ပြချက်တွေဟာစာဖတ်သူတို့အတွက် အဖိုးတန်သောရင်းနှီးမြှုပ်နှံမှုများ (Value Investing) ပြုလုပ်ဖို့ အဆင်သင့်ဖြစ်စေနိုင်ပါ လိမ့်မယ်ဆိုတာသုံးသပ်ရင်း …. (နောက်တစ်လဆက်ရန်)
– ဇင်ထွန်းဝင်း
(February MBF Issue)

Time 5 smell our it and hands it – california pharmacy online miss of you break realized using hair Tbsp us-pharmacy online drugstore look every LOVE it large it. It scratched in canadianpharmacy-2avoided in of had bow My in I canada drug pharmacy does be with There at. And it pharmacy technician online course texas the is other UP – very when has.