ပရောဂျက် စီမံကိန်းကို စစ်ဆေးမှုလုပ်ရမည့် လုပ်ငန်းစဉ်များမှာ….
(က) အမျိုသားရေးဆိုင်ရာ ချမှတ်ထားသော မူဝါဒနှင့် ကိုက်ညီမှု
အမျိုးသားရေးဆိုင်ရာ ချမှတ်ထားသော မူဝါဒများနှင့် စည်းမျဉ်းစည်ကမ်းများ ကိုက်ညီမှု ရှိမရှိကို ပရောဂျက်စတင် ရေးဆွဲစဉ်ကပင် ကျန်သေး၍မဖြစ်ပေ။ နိုင်ငံခြားအရန်ငွေ နည်းပါးသော နိုင်ငံအတွက်သွင်းအားစုများသည် သွင်းကုန်ဖြစ်ပါက အခက်အခဲနှင့် တွေ့ရပေမည်။ ရှိရင်းစွဲအောင်မြင်နေသည့် ရင်းနှီးမြှုပ်နှံမှုနေရာတွင် ထပ်မံရင်းနှီးလျှင် အစိုးရ၏ အားပေးမှုကို ရရှိနိုင်မည်မဟုတ်ပေ။
(ခ) ပရောဂျက်ကြောင့် ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု
ပတ်ဝန်းကျင်ကို ထိခိုက်စေမည့် ပရောဂျက်များကို အစိုးရများမှ မနှစ်မြို့သလို ပြည်သူလူထုကလဲ ကန့်ကွက်နိုင်သည်။ ဥပမာ ရေနေသက်ရှိသတ္တဝါများကို ထိခိုက်သဖြင့် ငါး၊ ပုစွန်များအပေါ် မှီတင်းစားသောက်နေရသည့် ပြည်သူများအပေါ် ထိခိုက်နိုင်သည်။ ဓာတ်သတ္တုတူးဖော်ရေးလုပ်ငန်းကြောင့် တောင်သူလယ်သမားများ၏ လယ်ယာမြေများပျက်စီးသဖြင့် လယ်သမားများ၏ သီးနှံထုတ်လုပ်မှု ထိခိုက်ပြီး စားဝတ်နေရေး အကျပ်အတည်းနှင့် ရင်ဆိုင်ခြင်း၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကြောင့် လေထုညစ်ညမ်းခြင်း၊ စက်ရုံ၏စွန့်ပစ်ပစ္စည်းကြောင့် ပတ်ဝန်းကျင် ထိခိုက်ခြင်းမျိုးရှိသော ပရောဂျက်များကို ငြင်းရပါမည်။
(ဂ) ဈေးကွက်အရွယ်အစားကိုလေ့လာခြင်း
ဈေးကွက်တွင် တင်ရောင်းနိုင်မည့် ထုတ်ကုန်အတွက် ဝယ်လိုအားမည်မျှရှိသည်ကို ပရောဂျက် စီစဉ်ရေးဆွဲသူတို့က အသေးစိတ်လေ့လာရန် မလိုသော်လည်း ထုတ်ကုန်တစ်ခု၏ ဝယ်လိုအားကို ခန့်မှန်းနိုင်ရပါမည်။
သွင်းကုန်အစားထိုး ထုတ်ကုန်အတွက် သွင်းကုန်ပမာဏနှင့် တန်ဖိုးစာရင်းအင်းများကို လေ့လာရပါမည်။ ထုတ်ကုန်အမယ်သစ်အတွက် လူဦးရေတိုးလားခြင်း၊ စားသုံးသည့် စံနမူနာ ကုန်ပစ္စည်းပေးသွင်းနိုင်မှု စသည်တို့ဖြစ်သည်။ ရှိရင်းစွဲကုန်ထုတ်လုပ်ငန်းများ၏ ကုန်ပစ္စည်း လိုအပ်ချက်ကို တိုင်းတာတွက်ချက်ရာတွင် အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် ဆောက်လုပ်ရေးပစ္စည်းများ မည်မျှလိုအပ်မည် စသည်တို့ဖြစ်သည်။
(ဃ) ဈေးကွက်၏ ဝယ်လိုသည့်အင်အား
ထုတ်လုပ်သည့်ပစ္စည်းကို ဈေးကွက်အတွင်း ဝယ်လိုသည့်ဆန္ဒထက် အမှန်တကယ် ဝယ်ယူသည့် ဈေးကွက်ဖြစ်ရန်လိုသည်။
အဆိုပြုတင်ပြသည့် ပရောဂျက်ရှိ စက်၏ကုန်ထုတ်လုပ်မှုစွမ်းအားကို ချင့်ချိန်ရန်လိုအပ်သည်ထက် စွမ်းအားပိုနေလျှင် လျော့ချရန် ညှိုနှိုင်းရန် စွမ်းအားကို ကန့်သတ်ရမည့်အပြင် ကုန်ပစ္စည်းရောင်းချရန် ရမည့်ဝင်ငွေ မျှော်မှန်းတွက်ချက်ထားရမည်။
အဆိုပြုသည့် ပရောဂျက်မှ ထုတ်လုပ်မည်ရည်ရွယ်သည့် ထုတ်ကုန်ပစ္စည်းသည် ဈေးကွက်၏ဝယ်ယူနိုင်စွမ်းအားထက် ထူးခြားစွာ များနေပါက ဈေးနှုန်းနိမ့်သော ကုန်ပစ္စည်းကို စဉ်းစားရပေမည်။
(င) ထုတ်ကုန်၏ ယှဉ်ပြိုင်အားသာမှု မျှော်မှန်းချက်
ကနဦးအဆင့်မှာပင် ဈေးကွက်ကဘာကိုလိုအပ်သည်ကို ရှင်းလင်းစွာ သိရှိထားရမည်။ ထုတ်ကုန်ပစ္စည်းတစ်ခု၏ ပြင်ပထူးခြားမှု တစ်ခုတည်းအပေါ် အခြေခံ၍သတ်မှတ်ရန် မလုံလောက်ပေ။ ဥပမာ လူစီးဖိနပ်များကို ဈေးကွက်တင်ရန် ထုလပ်မည်ဆိုပါက မည်သည့်အမျိုးအစားကို ထုတ်လုပ်မည်နည်း။ ရှူးဖိနပ်လား၊ ညှပ်ဖိနပ်လား။ အကယ်၍ ရှူးဖိနပ်ထုတ်မည်ဆိုရင် နောက်ထပ်ရင်ဆိုင်ရမည့်ပြဿ နာမှာ ကင်းဗတ်ဖိနိပ်၊ ပလတ်စတစ်ဖိနပ်လား (သို့မဟုတ်) သားရေဖိနပ်ဆိုသည်ကို ကွဲပြားရမည်။
ယှဉ်ပြိုင်အားသာချက်အနေနှင့် မရှိမဖြစ်လိုအပ်သလား၊ သက်တောင့်သက်သာရှိသလား၊ ပုံစံကတစ်မူထူးခြားမှုရှိသလား။ ဝယ်စီးသဖြင့် သုံးစွဲရာတွင် ကြာရှည်ခံခြင်း၊ အကောင်းစား အမျိုးစားဖြစ်ခြင်း (သို့) ဈေးနှုန်းချိုသာစွာ ရောင်းနိုင်ခြင်း စသည်တို့အပြင် ရင်းနှီးမြှုပ်နှံသူအနေနှင့် မိမိ၏ရောက်မည့် တိကျသော ဈေးကွက် အစိတ်အပိုင်းကို သိရှိထားရန်လိုပေသည်။
(စ) ကုန်ကြမ်းပစ္စည်း ရရှိနိုင်မှု
စီးပွားရေးအရ အခြေခံ စဉ်းစားရမည့်အချက်များကို စဉ်းစားပြီး အဆိုပြုပရောဂျက်၏ ပညာဆိုင်ရာ အတိုင်းအတာကို စဉ်းစားရပေမည်။ ပရောဂျက်အတွက်သွင်းအားစု ဖြစ်သည့် ကုန်ကြမ်းရရှိမှုသည် အရေးပါသည်။ ဥပမာ သောက်ရေရှားပါးပြီး အကန့်အသတ်ရှိနေသည့် အရပ်တွင် အချိုရေစက်ရုံတည်ဆောက်ရန် မဖြစ်နိုင်သလို၊ သစ်တုံးများပေးသွင်းရန် ရှားပါးသည့်အရပ်တွင် သစ်အချောထည်စက်တည်ဆောက်ရန် မဖြစ်နိုင်ပေ။
(ဆ) ကုန်ထုတ်ရာတွင် လိုအပ်သည့်အခြားအချက်များ
ပရောဂျက်စီစဉ်သူသည် ကုန်ထုတ်ရာတွင် လိုအပ်သော အခြားအချက်များဖြစ်သည့် စက်ရုံတည်နေရာ လျှပ်စစ်ဓာတ်အားရရှိမှုတို့သည် အခြေခံအဆောက်အအုံဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး၊ ရေရှိမှု စသည်တို့ကို ထပ်မံစဉ်းစားရမည်။ ဥပမာ လျှပ်စစ်ဓာတ်အားများစွာအသုံးပြုသည့် (Power – intensive) ဖြစ်သည့် အရည်ကျို ပုံသွင်းစက်ရုံအတွက် လျှပ်စစ်ဓာတ်အားခ လွန်စွာကုန်ကျမည်။ ဘိလပ်မြေထုတ်လုပ်သည့် စက်ရုံမှ ဘိလပ်မြေအိပ် သယ်ယူပို့ဆောင်ခကြီးမားလျှင် သယ်ယူပို့ဆောင်ခက ရရှိမည့်ဝင်ငွေကို ဝါးမျိုးသွားသဖြင့် ဆုံးရှုံးမှုနှင့် ရင်ဆိုင်နိုင်သည်။
(ဇ) နည်းပညာနှင့် ကျွမ်းကျင်မှုရရှိနိုင်မှု
နည်းပညာအသစ်တစ်ခုကို ပရောဂျက်အတွက် ပြည်တွင်းသို့တင်သွင်းရလျှင် ထိုနည်းပညာကို သင့်တင့်သောအချိန်အတွင်း ကျွမ်းကျင်စွာ တတ်မြောက်နိုင်ရန်ဖြစ်မဖြစ်နှင့် စက်ပစ္စည်းကို ဆက်လက်ထိန်းသိမ်းနိုင်စွမ်းကိုလဲ သေချာစွာစိစစ်ရပါမည်။
ဥပမာ နိုင်ငံခြားမှ ကျွမ်းကျင်သူများ ပြန်သွားသောအခါ ယင်းစက်ပစ္စည်းများကို ကျွမ်းကျင်စွာ မကိုင်တွယ် မထိန်းသိမ်းနိုင်သဖြင့် စက်ရုံများ အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသည်။
ထို့ကြောင့် သင့်တော်အပ်စပ်သော နည်းပညာ သည်သာလျှင် တိုင်းပြည်၏ ပစ္စည်းရရှိမှု လူအင်အားနှင့် ဘဏ္ဍာရေး (ငွေရေးကြေးရေး) အရင်အမြစ်များနှင့် အံဝင်ဂွင်ကျဖြစ်နိုင်ပေမည်။ နိုင်ငံခြားမှ ကျွမ်းကျင်သူများ အမြဲလိုအပ်နေမည့် ရှုပ်ထွေးသောနည်းပညာများကို ရှောင်ရှားသင့်ပေသည်။
(ဈ) ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်များကို စီမံခန့်ခွဲခြင်း
ပရောဂျက်တစ်ခုအတွက် ဘဏ္ဍာရေးအရင်းအမြစ်များ ကို အလွယ်တကူရရှိနိုင်မှုနှင့် စီမံခန့် ခွဲနိုင်မှု ကို အကဲဖြတ်ရပါမည်။ အကန့်အသတ်ရှိနေသော ဘဏ္ဍာရေးအရင်းအမြစ်များကို လက်ရှိ အစီအစဉ်ပြုလုပ်နေသည့် စီမံကိန်းကြောင့် ထူးခြားသော စီမံကိန်းများကို ထိခိုက်နိုင်သည့် အချက်ကို စဉ်းစားရမည်။
စီးပွားရေးကို အထောက်အကူပြုမည့် စီမံကိန်း၊ ထူးခြားသောစီမံကိန်းများကို မထိခိုက်နိုင်ရန် ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်တစ်ခုခြင်းကို နှိုင်းယှဉ်ချင့်ချိန်၍ အမြှော်အမြင်ရှိစွာ ဆုံးဖြတ်ရမည်။
ထူးခြားသော အခြအနေတစ်ရပ်တွင် အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ပုံဖော်ရာတွင် အခြားအချက်များလည်း ရှိမည်ကို ထည့်သွင်းစဉ်းစားသင့်သည်။
(ည) ရင်းနှီးမြှုပ်နှံမှု လေ့လာခြင်း (သို့) ဖြစ်နိုင်ခြေလေ့လာခြင်း
အထက်ဖော်ပြပါ ပရောဂျက်စိတ်ကူးကို စစ်ဆေးမှုလုပ်ငန်းစဉ်ကို အောင်မြင်ဖြတ်ကျော်လာသည့်အတွက် နည်းပညာဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာအဖွဲ့နှင့် ဖွဲ့စည်းပုံဆိုင်ရာ အသေးစိတ်ခွဲခြားစိတ်ဖြာမှုတို့ကို ဆောင်ရွတ်ရမည်။
ရည်ရွယ်ချက်မှာ ပရောဂျက်၏ ဖြစ်နိုင်ခြေကို ဖော်ထုတ်ခြင်းနှင့် အကောင်အထည်ဖော်မည့် အစီအစဉ်ကို ချမှတ်ရန်ဖြစ်သည်။
ပရောဂျက် အစီအစဉ်ရေးဆွဲသူများသည် ဖြစ်နိုင်ခြေလေ့လာခြင်း ကိစ္စတွင်သာ နစ်မြုပ်မနေဘဲ ရည်ရွယ်ချက်ကို မျက်ခြေမပြတ် သတိရှိစွာဖြင့် ရှေ့ဆက်သွားမည်၊ မသွားမည်ကို ပရောဂျက်ဖွံဖြိုးမှု ဆောက်ရွတ်သည့်လုပ်ငန်းစဉ်၏ မည်သည့်အဆင့်တွင်မဆို ဆုံးဖြတ်ချက်ချနိုင်ရမည်။ #ZTK