စွန့်ဦးတီထွင်လုပ်ငန်းရှင်သည် မိမိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းအား စဉ်ဆက်မပြတ် သုံးသတ်အကဲဖြတ်ရာတွင် ပို၍အရေးကြီးသည်မှာ အကဲဖြတ်မှုထက်၊ အကဲဖြတ်မှုရလာဒ်အပေါ်တွင် မည်သို့ဆက်လက်ဆောင်ရွက်မည် ဆိုသည့်အချက်က ပိုမိုအရေးကြီးပေသည်။

၆။ ဘဏ္ဍာ​ရေးဆိုင်​ရာ ထိန်းသိမ်းမှု ​လျော့နည်း​နေခြင်း ရှိ၊မရှိ​လေ့လာသုံးသပ်​ခြင်း။

မည်​သည့်​စီးပွား​ရေးလုပ်​ငန်းတွင်​မဆို “​အောင်​မြင်​မှုညွှန်​ပြကိန်း” (Success Indicator) မှာ အဓိကအားဖြင့်​ “အသားတင်​အမြတ်​” (Net Profit) ပင်​ဖြစ်​​ကြောင်း မည်​သည့်​စီပွား​ရေးလုပ်​ငန်းရှင်​မှ ငြင်းနိုင်​မည်​မဟုတ်​​ပေ။ တစ်​နည်းအားဖြင့်​ အသားတင်​အမြတ်​သည်​ မိမိ၏ စီးပွား​ရေးလုပ်​ငန်း၏ ပထမဦးစား​ပေး ရည်​မှန်းချက်​ပင်​ဖြစ်​သည်​။ အခြားရည်​မှန်းချက်​များမှာ ဒုတိယဦးစား​ပေးအဆင့်​တွင်​ပင်​ ရှိ​နေ​ပေမည်​။ မိမိလုပ်​ကိုင်​​သော စီးပွား​ရေးလုပ်​ငန်း၏ ​အောင်​မြင်​မှု (သို့မဟုတ်​) ရှုံးနိမ့်​မှုကို တိုင်းတာ​သော​ပေတံသည်​ ​ငွေေ​ကြးပင်​ဖြစ်​သဖြင့်​ “​ငွေေ​ကြးယိုဖိတ်​မှု” (သို့မဟုတ်​) ဘဏ္ဍာ​ရေးယိုဖိတ်​မှု (Financial Leakage) မရှိရန်​​ဆောင်​ရွက်​တတ်​ကြရ​မည်​။

စွန့်​ဦတီထွင်​လုပ်​ငန်းရှင်​အ​နေဖြင့်​ လစဉ်​လတိုင်း အနည်းဆုံး ရက်​သတ္တပတ်​ တစ်​ပတ်​အတွင်း မိမိ၏စီးပွား​ရေးစားပွဲဝိုင်း​ပေါ်သို့ စနစ်​တကျ မှန်​ကန်​စွာ ​ရေးဆွဲထား​သော ​အောက်​ပါစာရင်းများ အချိန်​မီ​ရောက်​ရှိ​နေရန်​ အ​ရေးကြီးသည်​။
(က) လစဉ်​​ငွေစာရင်းချုပ်
(ခ) ကုန်​သွယ်​စာရင်းနှင့်​ အရှုံးအမြတ်​စာရင်း
(ဂ) လက်​ကျန်​ရှင်းတမ်း
တစ်​နည်းအားဖြင့်​ ယင်းစာရင်းတို့မှာ “​ငွေသားစီးဆင်းမှုစာရင်း” (Cash Flow Account) “ဝင်​​ငွေအ​ခြေပြစာရင်း” (Income Statement) နှင့်​ “လက်​ကျန်​ရှင်းတမ်း” (Balance Sheet) များပင်​ဖြစ်​သဖြင့်​ ယင်းစာရင်းများကို သက်​ဆိုင်​ရာစာရင်းကိုင်​က တိကျမှန်​ကန်​စွာ ​ရေးဆွဲတင်​ပြရန်​ လိုအပ်​​ပေသည်​။ စွန့်​ဦးတီထွင်​လုပ်​ငန်းရှင်​ အ​နေဖြင့်​ ယင်းစာရင်းများကို ကြည့်​ရှု​လေ့လာသုံးသပ်​ရုံဖြင့်​ မပြီးဘဲ အားသာချက်​၊ အားနည်းချက်​များကို ​နောက်​လတွင်​ မည်​သို့ပြုပြင်​​ပြောင်းလဲ​ဆောင်​ရွတ်​မည်​ (Follow up action) ကိုအစီအစဉ်​​ဆောင်​ရွတ်​တတ်​မှုသည်​ အ​ရေးကြီးဆုံးဖြစ်​သည်​။ စာရင်းဇယားမှန်​ကန်​တိကျမှု၊ အချိန်​မီပြီးစီးမှုသည်​ မိမိလုပ်​ငန်း၏အသက်​ဖြစ်​​ကြောင်း စီးပွား​ရေးလုပ်​ငန်းရှင်​များက သ​ဘော​ပေါက်​ထားရန်​ လိုအပ်​​ပေသည်​။

ဖြစ်နိုင်ရင်​ အထက်​ပါစာရင်းဇယားများအပြင်​ စီးပွား​ရေးလုပ်​ငန်း တစ်​ခုခြင်းကို “ဘဏ္ဍာ​ရေးအချိုးဖြင့်​ စိစစ်​ခြင်း” (Financial Ratio Analysis) ပြုလုပ်​ပြီး တစ်​ခုခြင်းကို အ​ဖြေထုတ်​လျက်​ ​နောင်​ကာလများအတွက်​ မည်​သို့ပြုပြင်​​ပြောင်းလဲ ပြင်​ဆင်​​ဆောင်​ရွတ်​မည်​ကို အစီအစဉ်​ ချမှတ်​​ဆောင်​ရွတ်​ ​ရေးဆွဲနိုင်​ပါက ပိုမိုထိ​ရောက်​နိုင်​​ပေသည်​။

၇။ စီမံခန့်ခွဲမှု ကိရိယာများ သုံးစွဲမှု​လျော့နည်း​နေခြင်း ရှိ၊မရှိ ​လေ့လာသုံးသပ်​ခြင်း

စွန့်​ဦးတီထွင်​လုပ်​ငန်းရှင်​သည်​ တစ်​ဖက်​ပါ စီမံခန့်ခွဲမှု​လေးရပ်​ (Management Quadrille) ကို အ​သေးစိတ်​ ကျွမ်းကျွမ်းကျင်​ကျင်​ မသိနိုင်​သည့်​တိုင်​ အကြမ်းဖျင်း​ယေဘုယျအားဖြင့်​ သိရှိနားလည်​ထားရန်​ လိုအပ်​​ပေသည်​။
(က) ထုတ်​လုပ်​မှု စီမံခန့်ခွဲခြင်း (Production Management)
(ခ) ​ရောင်းဝယ်​မှု စီမံခန့်ခွဲခြင်း (Marketing Management)
(ဂ) ဘဏ္ဍာ​ရေး စီမံခန့်ခွဲခြင်း (Financial Management)
(ဃ) ဝန်​ထမ်း စီမံခန့်ခွဲခြင်း (Personal Management)

ယင်းစီမံခန့်​ခွဲမှု ​လေးရပ်​သည်​ မည်​သည့်​စီးပွား​ရေးလုပ်​ငန်းမျိုးမှာမဆို အသုံးပြုရန်​ လိုအပ်​သည်​ဖြစ်​ရာ ယင်းစီမံခန့်​ခွဲမှု ​လေးရပ်​ကို မပိုင်​လျှင်​ ​အောင်​မြင်​မှုနှင့်​ အလှမ်း​ဝေးတတ်​​ပေသည်​။ သို့ဖြစ်ရာ စွန့်​ဦးတီထွင်​လုပ်​ငန်းရှင်​ ​အ​နေဖြင့်​ ယင်းစီမံခန့်​ခွဲမှု ​လေးရပ်​၏ ​ယေဘုယျ သ​ဘောတရားကို သိရှိနားလည်​ထားရန်​ ကြိုးပမ်းရ​ပေမည်​။ ထို့ပင်​စီမံခန့်​ခွဲရာတွင်​ ယ​နေ့​ရေးပန်းစာ​နေသည့်​ “6Ms”, M (6) လုံးဖြစ်​​သော

1.Man (လူ)
2.Money(​ငွေ)
3.Material (ကုန်​ကြမ်း)
4.Machinery (စက်​)
5.Method (နည်းလမ်း)
6.Market (​ဈေးကွက်​)
တို့ကိုလည်း မည်​သို့စု​ဆောင်းရှာ​ဖွေ အသုံးပြုရမည်​ကို သိရှိနားလည်​ထားရန်​ လိုအပ်​​ပေသည်​။

ယင်းအနက်​တို့မှာ မည်​သည့်​စီးပွား​ရေးတွင်​မဆို ပါဝင်​​နေသည်​ဖြစ်​သဖြင့်​ စွန့်​ဦးတီထွင်​လုပ်​ငန်းရှင်​အ​နေနှင့်​ သတ်​မှတ်​ထားသည့်​ အချိန်​ကာလအတွင်း အကျိုးရှိရှိ မည်​သို့အသုံးချမည်​ကို သိရှိနားလည်​ ထားမှသာလျှင်​ စီးပွား​ရေးလုပ်​ငန်းကို ​အောင်​မြင်​စွာ ​ဆောင်​ရွတ်​နိုင်​မည်​ဖြစ်​ပါသည်​။ #ZTK

Leave a Reply

Your email address will not be published. Required fields are marked *