
“လက်ခုပ်ထဲက ရေဖြစ်သောကြောင့် သွန်လိုသွန်၊ သောက်လိုသောက်၊ မှောက်လိုမှောက်ထားနိုင်သော်လည်း၊ ပညာရေးသည် ရေမဟုတ်သောကြောင့် လက်ခုပ်ထဲတွင် ချယ်လှယ်လို့မရသော သဘောလည်းရှိသည်။ ” တစ်နည်းအားဖြင့် ပညာရေးကို အစိုးရလက်ထဲတွင် ထားမှာလား၊ ပုဂ္ဂလိကတို့လက်ထဲတွင် ထားမှာလားဟူသော မေးခွန်းများ မေးခံရလေ့ရှိသည်။ အကောင်းဆုံးက ပညာရေးကို မည်သူ့လက်ထဲတွင်မှ မထားသည်ကား အကောင်းဆုံးဖြစ်သည်။ သို့သော်လည်း ပညာရေးကို အစိုးရမှ တာဝန်ယူရမည်ဖြစ်သော်လည်း အစိုးရနှင့် မပြီးသောပညာရေးလည်းဖြစ်သည်။ အစိုးရရော၊ ပုဂ္ဂလိကပါ ပူးပေါင်းပါဝင် ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုသို့ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကောင်းသည့်အချက်များလည်းရှိသလို၊ အားနည်းသည့်အချက်များလည်းတွေ့ရမည်။ သို့သော်လည်း အကျိုးအကြောင်း၊ အဆိုးအကောင်းများ နှိုင်းနှိုင်းချိန်ချိန်လုပ်ပြီး ပူးပေါင်းအကောင်အထည်ဖော်ရသည်ချည်းဖြစ်သည်။ အစိုးရချည်းသာတာဝန်ယူဆောင်ရွက်ရမည်။ ပုဂ္ဂလိကတို့သာ လုပ်ကိုင်သည့်သည်ဟူသော လှေနံဓားထစ်၊ တရားသေသဘော လုပ်ဆောင်လို့မရသော ကဏ္ဍတွင် ပညာရေးကဏ္ဍပါဝင်သည်။ ပညာရေးသည် ဈေးကွက်တစ်မျိုးဖြစ်သည်။ ဈေးကွက်ဟုပြောလိုက်သောကြောင့် စီးပွားဖြစ်ရန်၊ အမြတ်အစွန်းရရန်ဟူသော […]